Connect with us

Hi, what are you looking for?

News

ကိုဗစ်ခံစား​နေရ​သော ပြည်သူများအား ပုဂ္ဂလိကနှင့် ပရဟိတဆေးရုံများတွင် ကုသပေးရန် NUG တိုက်တွန်း

ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာကို NUGက ယနေ့ ဇူလိုင် ၁၇ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိနေ၍ ပြည်သူများလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အတက်နိုင်ဆုံးရရှိစေရန် ပုဂ္ဂလိကနှင့် ပရဟိတ ဆေးရုံများ၌ ကုသပြုစုစောင့်ရှောက်ပေးရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသားအဆင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်က ထုတ်ပြန်သည်။

ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာကို NUGက ယနေ့ ဇူလိုင် ၁၇ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိကြောင်း၊လက်ရှိ ပြည်သူ့ဆေးရုံများသည် ဆေးရုံတွင် ကုသမှု ခံယူရန်လိုအပ်သော လူနာများအားလုံးကို ကုသပေး ရန် အတွက် လုံလောက်သော အရင်းအမြစ် အင်အားမရှိပါကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံးရရှိစေရန်အတွက် ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတ ဆေးရုံ များတွင် ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သော ပြည်သူလူထုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော စံချိန်စံညွှန်းများနှင့်အညီ ကုသပြုစု စောင့်ရှောက်မှုပေးရန် တိုက်တွန်းလိုက်ကြောင်း NUGက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။