Connect with us

Hi, what are you looking for?

News

ကိုဗစ်ခံစား​နေရ​သော ပြည်သူများအား ပုဂ္ဂလိကနှင့် ပရဟိတဆေးရုံများတွင် ကုသပေးရန် NUG တိုက်တွန်း

ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာကို NUGက ယနေ့ ဇူလိုင် ၁၇ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိနေ၍ ပြည်သူများလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အတက်နိုင်ဆုံးရရှိစေရန် ပုဂ္ဂလိကနှင့် ပရဟိတ ဆေးရုံများ၌ ကုသပြုစုစောင့်ရှောက်ပေးရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသားအဆင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်က ထုတ်ပြန်သည်။

ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာကို NUGက ယနေ့ ဇူလိုင် ၁၇ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိကြောင်း၊လက်ရှိ ပြည်သူ့ဆေးရုံများသည် ဆေးရုံတွင် ကုသမှု ခံယူရန်လိုအပ်သော လူနာများအားလုံးကို ကုသပေး ရန် အတွက် လုံလောက်သော အရင်းအမြစ် အင်အားမရှိပါကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံးရရှိစေရန်အတွက် ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတ ဆေးရုံ များတွင် ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သော ပြည်သူလူထုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော စံချိန်စံညွှန်းများနှင့်အညီ ကုသပြုစု စောင့်ရှောက်မှုပေးရန် တိုက်တွန်းလိုက်ကြောင်း NUGက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။