Connect with us

Hi, what are you looking for?

News

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အင်အားစုအားလုံးနှင့် အတူတကွဆက်လက်လက်တွဲကြိုပမ်းမည်ဟု CRPH ထုတ်ပြန်

၁၉၈၈ မတ်လ ၁၃ ရက်တွင် စစ်အာဏာရှင်နေဝင်း၏ အကြမ်းဖက်စစ်တပ်မှ တက္ကသိုလ်ပရဝုဏ် အတွင်း၌ပင် ပစ်သတ်ခဲ့ခြင်းကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့ပြီး ၎င်းတို့နှစ်ဦး ကျဆုံးမှု (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် CRPH က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(ကိုဖုန်း​ဖော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်းအမှတ်တရအဖြစ် ​လောင်းလုံးလူငယ်််များက ယ​နေ့နံနက်တွင် ဆန္ဒပြခဲ့ကြသည်၊ ဓာတ်ပုံ - DDMSC)

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများ၊ တော်လှန် ရေးအင်အားစု၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဖြင့် အတူတကွ ဆက်လက် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်သည်။

၁၉၈၈ မတ်လ ၁၃ ရက်တွင် စစ်အာဏာရှင်နေဝင်း၏ အကြမ်းဖက်စစ်တပ်မှ တက္ကသိုလ်ပရဝုဏ် အတွင်း၌ပင် ပစ်သတ်ခဲ့ခြင်းကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့ပြီး ၎င်းတို့နှစ်ဦး ကျဆုံးမှု (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် CRPH က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင် ခေတ်အဆက် ဆက် စစ်အာဏာရှင်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ကျဆုံးသွားခဲ့ရသည့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များအတွက် အထူးဝမ်းနည်းရကြောင်း CRPHက သဝဏ်လွှာတွင် ဖော်ပြသည်။

တရားမျှတမှု၊ လွတ်လပ်မှု၊ အခြေခံအခွင့်အရေးများအတွက် ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက် တော်လှန်ရေးများတွင် ရဲရင့်မှု၊ သတ္တိနှင့် ဥာဏ်ပညာရှိမှုတို့ဖြင့် တက္ကသိုလ်ကျောင်းသားလူငယ်များက ဦးဆောင်ကြိုးပမ်းခဲ့ကြပြီး ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ တက်ကြွသော ပါဝင်မှုသည်လည်း တိုင်းပြည်အနာဂတ်အတွက် အားတက်ဖွယ် ဖြစ်ကြောင်း CRPHက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လွန်ခဲ့သော ၃၄ နှစ် ကဲ့သို့ပင် ယနေ့အချိန်တွင်လည်း လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတို့အပေါ်၌ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းတို့ကို လူမဆန်စွာ ကျူးလွန်လျက်ရှိသည်ဟု ဆက်လက်ဖော်ပြသည်။

ထို့အပြင် ပြည်သူတို့၏ လွတ်လပ်မှု၊ တရားမျှတမှု၊ နိုင်ငံသား အခွင့်အရေးစသည်တို့သည် လက်နက်အားကိုးဖြင့် ပိတ်ပင်တားဆီးခြင်းခံနေရပြီး ဆုံးရှုံးနေသည့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရေး ပြည်သူ လူထုတရပ်လုံး စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်း သွားကြရမည် ဖြစ် ကြောင်း CRPH က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။