Connect with us

Hi, what are you looking for?

News

နွားထိုးကြီးနှင့် ​တောင်သာတွင် စစ်​ကောင်စီတပ်က ​ဒေသခံရှစ်ဦးထက်မနည်း သတ်ဖြတ်ပြီး လမ်း​ဘေးစွန့်ပစ်ထား

အကြမ်းဖက် အခံရဆုံးသော မြို့နယ်များတွင်ပါဝင်ပြီး မိုဘိုင်းအင်တာနက်များလည်း ဖြတ်တောက်ခံထားရသည်။

(အကြမ်းဖက် စစ်သားများကို ​တွေ့ရစဥ်)

မန္တလေးတိုင်း နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ​ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သတ်ဖြတ်ပြီး လမ်းဘေးတွင် စွန့်ပစ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၁၃ ရက်) နံနက်ပိုင်းက မြင်းခြံခရိုင်၊ မြင်းခြံ-နွားထိုးကြီးလမ်းမဘေးတွင်ရှိသည့် သာယာကုန်းဂိတ်အနီးတွင် ရုပ်အလောင်း နှစ်လောင်းအား အကြမ်းဖက် စစ်တပ်က လာရောက်စွန့်ပစ်သွားခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါဆိုသည်ကိုမူ မသိရသေး​ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့ မင်းရွာကျေးရွာရှိ စစ်ကောင်စီသတင်းပေးနှစ်ဦးအသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ယမန်နေ့ညက ၎င်းကျေးရွာများမှ ပြည်သူ ​ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့နံနက်တွေ့ရှိရသည့် ရုပ်အလောင်းများမှာ အဆိုပါဖမ်းဆီးခံရသူများမဟုတ်ဘဲ မျက်နှာစိမ်းများဖြစ်သည်ဟု နွားထိုးကြီးဒေသခံအချို့က ပြောသည်။

Public Service Announcement

ထို့အပြင် မတ်လ ၁၁ ရက် ညကလည်း တောင်သာမြို့နယ် နန်းမြင့်ရွာ၊ ဘုရားလှရွာနှင့် ဖက်တောရွာများ အနီးတွင် အကြမ်းဖက်စစ်တပ်က ရုပ်အလောင်း​ခြောက် လောင်းထက်မနည်း လာရောက်စွန့်ပစ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပျူစောထီးတွေ နဲ့ အကြမ်းဖက်စစ်သားတွေ အလောင်း ​ခြောက်လောင်းကို နန်းမြင့်ရွာနဲ့ ဘုရားလှရွာအနီးမှာ လာရောက် ပစ်ထားခဲ့တယ်လို့သိရပါတယ် ။နန်းမြင့်ရွာ နဲ့ ဘုရားလှရွာကြားမှာ တစ်လောင်း၊ ဘုရားလှရွာနဲ့ ဖက်တောရွာကြားမှာ ၅လောင်း လာပစ်ထားပြီး ယနေ့ မနက်အစောက အလောင်းတွေကို လူနာတင်ကားနဲ့ ကောက်ပြီး တောင်သာဆေးရုံကို သယ်သွားတယ်လို့သိရတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ ထုတ်ပြန်ထားသည်။

မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်များသည် မန္တလေးတိုင်းအတွင်း၌ စစ်ကောင်စီတပ်၏ ဖိနှိပ်အကြမ်းဖက် အခံရဆုံးသော မြို့နယ်များတွင်ပါဝင်ပြီး မိုဘိုင်းအင်တာနက်များလည်း ဖြတ်တောက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။