Connect with us

Hi, what are you looking for?

News

မတ္တရာနယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီကင်းပုန်းကဖမ်းပြီး သတ်ဖြတ်ဟု ဒေသခံ ပြော

သတ်ဖြတ်ခံရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက် ၂၇ ဝန်းကျင်ရှိ ကိုပိုင်ဆိုသူ နှင့် အသက် ၃၅နှစ် အရွယ်ရှိ ကတုံး(ခေါ်) ဗိုက်ကလေးဆိုသူ ဖြစ်ကြောင်း ပြောပြသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်​​ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်။

မတ်လ ၁၃ရက်ညပိုင်းက စစ်ကောင်စီတပ်ကို မိုင်းထောင်တိုက်ခိုက်ရန် မိုင်းထောင်ရာ၌ မိုင်းထောင်ရန်လိုအပ်သည့် ပစ္စည်းတစ်ခုမှာ မကောင်း၍ ပြန်လည်ယူဆောင်စဉ် စစ်ကောင်စီကင်းပုန်းနှင့် တွေ့ဆုံပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖြစ်စဉ်က မနေ့ည ၈နာရီခွဲမှာ တောင်တံငါရွာထိပ်က တံတားပေါ်မှာ အဖမ်းခံရတာ။ အဖမ်းခံရပြီးတော့အဲဒီကနေ ရှမ်းမြောင်းရွာထိပ်ကို ခေါ်သွားတယ်။ အဲဒီမှာ နှိပ်စက်ညှင်းပန်းခံရတယ်လို့ သတင်းရတယ်။ အဲဒီကနေ မတ္တရာ အနောက်ဘက်ခေါ်သွားပြီး သေနတ်သံ နှစ်ချက်ကြားရတယ်လို့ သတင်းရတယ်။ ဒီနေ့မနက်မှာတော့ မနေ့ညက လူနှစ်ယောက် အသတ်ခံရလို့ အလောင်းနှစ်လောင်းတွေ့တယ်ဆိုတဲ့ သတင်းထပ်ရတယ်။ လက်ရှိအချိန်မှာတော့ သူတို့နှစ်လောင်းမတ္တရာ ဆေးရုံကြီး ရင်ခွဲရုံရောက်သွားပြီ”ဟု ဒေသခံက People’s Spring သို့ ပြောသည်။

Public Service Announcement

သတ်ဖြတ်ခံရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက် ၂၇ ဝန်းကျင်ရှိ ကိုပိုင်ဆိုသူ နှင့် အသက် ၃၅နှစ် အရွယ်ရှိ ကတုံး(ခေါ်) ဗိုက်ကလေးဆိုသူ ဖြစ်ကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

ကတုံး(ခေါ်) ဗိုက်ကလေးသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ကာ ဇနီးနှင့် ကလေးတစ်ဦးကျန်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့