Connect with us

Hi, what are you looking for?

News

မန္တလေး သိပ္ပံလမ်းပေါက်ကွဲမှုမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ရ

အဲဒီပေါက်ကွဲမှုမှာ သေဆုံးသွားသူနှစ်ဦးဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

People's Spring
People's Spring

မန္တလေး ၊ချမ်းမြသာစည်မြို့နယ် ထဲက သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီးမှာ မနေ့က ညနေပိုင်း ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ရတယ်လို့ Mandalay Ranger Force PDF ကအသိပေးထုတ်ပြန်ပါတယ်။

သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီး စက်ဘီး ၊ဆိုင်ကယ်အသုံးပြုတဲ့လမ်းပိုင်းမှာ ဆိုင်ကယ်တစ်စီးပေါက်ကွဲမှုဖြစ်ကာ အဲဒီဆိုင်ကယ်နဲ့လိုက်ပါလာတဲ့အမျိုးသားနှစ်ဦးဟာ မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးသွားခဲ့ရတာပါ။

Public Service Announcement

အဲဒီပေါက်ကွဲမှုမှာ သေဆုံးသွားသူနှစ်ဦးဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

မနေ့က မန္တလေးမှာ ပေါက်ကွဲမှု လေး ကြိမ်ထက်မနည်းရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် သတင်းပေးဒလန်တစ်ဦးလည်း သေနတ်နဲ့ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။