Connect with us

Hi, what are you looking for?

News

မန္တလေး-မိုးကုတ်လမ်းတွင် စစ်ကားနှစ်စီးတိုက်ခိုက်ခံရ၊ တစ်စီးမိုင်းထိ

ထိခိုက်သေဆုံးမှုအခြေအနေမှု အတိအကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

People's Spring
People's Spring

မန္တလေးမြို့ဘက်မှ မိုးကုတ်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီတပ်မှ ယာဥ်နှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်းအခြေ စိုက်ပြောက်ကျားတပ် ဗိုလ်လင်းယုန်အဖွဲ့က ယနေ့(မတ် ၁၅)ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁ နာရီခန့်တွင် မန္တလေး-မိုးကုတ်လမ်းအတိုင်းမောင်းနှင်လာသော စစ်ကားနှစ်စီးကို သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာနှင့် ကဿ်ရိုးပင်ရွာကြား သုံးထပ်ကွေ့တွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တစ်စီးမှာ ထိခိုက်မှုရှိပြီး နာရေးကားနှင့် စခများကို တင်သွားသည်”ဟု ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်သည်။

ထိခိုက်သေဆုံးမှုအခြေအနေမှု အတိအကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၃ ရက်ကလည်း သပိတ်ကျင်းမှဆင်းလာသော စစ်ကားနှစ်စီးကို ဗိုလ်လင်းယုန်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။