Connect with us

Hi, what are you looking for?

News

စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ စစ်ကောင်စီကျုးလွန်နေတာထင်ရှားတယ်လို့ ကုလဆို

အာဏာသိမ်းမှုနောက်ပိုင်းကာလတွေကို စောင့်ကြည့်ထားတဲ့အစီရင်ခံစာအရဆို မြန်မာစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလူ့အသက်တွေကို အလေးထားတန်ဖိုးထားရမှန်းမသိတဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့တယ်လို့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေရှိနေပြီး စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုတွေဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးရုံးက မနေ့ကမတ်လ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ ချက်ချင်းအရေးယူမှုတွေလုပ်ကြဖို့ကို ကုလလူ့အခွင့်အရေးရုံးက တိုက်တွန်းပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းကာလတွေကို စောင့်ကြည့်ထားတဲ့အစီရင်ခံစာအရဆို မြန်မာစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလူ့အသက်တွေကို အလေးထားတန်ဖိုးထားရမှန်းမသိတဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့တယ်လို့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲက ပြောပါတယ်။

Public Service Announcement

လူနေလူထပ်တဲ့နေရာကို ဗုံးကြဲပစ်တာ ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာ ၊အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ ၊ အရပ်သားတွေကိုသေနတ်နဲ့ ဦးခေါင်းတေ့ပစ်သတ်တာ ၊တရားလက်လွတ် ဖမ်းချင်သလိုဖမ်းဆီးနေတာ ၊ နှိပ်စက်ညှင်းပန်းတာ ၊ လူသားဒိုင်းလုပ်တာတွေကို စစ်ကောင်စီက ကျုးလွန်နေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ဟာတွေအရ စစ်ကောင်စီဟာ စစ်ရာဇာဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကျုးလွန်နေတာ ထင်ရှားနေကြောင်း ကုလလူ့အခွင့်အရေးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ ကျုးလွန်မှုတွေအပေါ် အရေးယူတာတွေ လုပ်ကိုင်ပေးဖို့ ပြည်သူတွေက ကုလကိုတောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ကုလရဲ့ ဆောင်ရွက်ပေးချက်တွေအပေါ်တော့ မြန်မာပြည်သူတွေဟာ အားမလိုအားမရ ဖြစ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။