Connect with us

Hi, what are you looking for?

News

အင်တာနက်ဖြတ်ပြီး​နောက်ပိုင်း ​စစ်ကိုင်းတိုင်း ရေဦးနယ်မှ ​ကျေးရွာခုနစ်ရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး

မတ်လ ၄ရက်ကစ၍ စစ်ကိုင်းတိုင်းရှိ ရွှေဘို၊ခင်ဦး၊တန့်ဆည်၊ ဒီပဲယင်း၊ဝက်လက်၊ ရေဦးနှင့် ပုလဲမြို့ နယ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူများနှင့် လူနေအိမ်များကို နေ့စဥ် မီးရှို့ သတ်ဖြတ်မှုများ ယခင်ကာလများထက်ပို၍ ကျူးလွန်ခဲ့သည်။

စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း ခင်ဦးမြို့နယ်၌ ​ကျေးရွာခုနှစ်ရွာ မီးရှို့ခံရပြီး နေအိမ် ၃၀၀ကျော် မီး​လောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့ (မတ်လ ၁၇) ထုတ်ပြန်သည်။

ထို့ကြောင့် ဒေသခံပြည်သူ ၂,၅၀၀ခန့် အိုးမဲ့၊အိမ်မဲ့ဖြစ်နေပြီး နေစရာ၊ဆေးဝါးနှင့် အစားအစာရှားပါးမှုပါရင်ဆိုင်နေရသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ခဲ့သည့် မှတ်တမ်းများအရ မတ်လ ၅ရက်က ဒါန်းကုန်းကျေးရွာနေအိမ် ၄၃လုံး၊ မှန်တောကျေးရွာမှ နေအိမ် ၃၈လုံး၊မတ်လ ၆ရက်တွင် ကျွန်းလယ်ကျေးရွာ နေအိမ်နှစ်လုံးနှင့် ယာတဲ ငါးလုံး၊မတ်လ ၈ရက်တွင် သက်ပေးကျေးရွာ နေအိမ် ၁၃အိမ်လုံးတို့ ဖြစ်သည်။

မတ်လ ၁၅ ရက်တွင် တမုတ်ကျေးရွာမှ နေအိမ် ၉၃လုံး၊ မတ်လ ၁၆ရက်တွင် ကုလားလူး​ကျေးရွာမှ နေအိမ် ၇၅လုံးနှင့်ရှားလွင်ရွာနေအိမ် ၆၃လုံးမှာ မီးလောင်ပြာကျခဲ့ရသည်။

Public Service Announcement

Public Service Announcement

မတ်လ ၄ရက်ကစ၍ စစ်ကိုင်းတိုင်းရှိ ရွှေဘို၊ခင်ဦး၊တန့်ဆည်၊ ဒီပဲယင်း၊ဝက်လက်၊ ရေဦးနှင့် ပုလဲမြို့ နယ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူများနှင့် လူနေအိမ်များကို နေ့စဥ် မီးရှို့ သတ်ဖြတ်မှုများ ယခင်ကာလများထက်ပို၍ ကျူးလွန်ခဲ့သည်။

Public Service Announcement

ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၁၃ ရက်အထိ ၁၆ ရက်အတွင်း ယင်းမာပင်မြို့နယ် ဒေသခံပြည်သူ ၂၅ ဦး ဖမ်းဆီး၊မီးရှို့ သတ်ဖြတ်ခံခဲ့ရသည်ဟုလည်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ ပေးထားသည်။

“ဖိုလ်ဝင်တောင်လမ်းခွဲနားမှာ ဒီနေ့ မနက် ၉ နာရီမှာ စစ်ခွေးတွေ ရမ်းပစ်တဲ့ လက်နက်ကျည်ကြောင့် ငါးနှစ်ကလေးရဲ့ ဦးခေါင်းထဲကျည်ထိ ဆုံးသွားတဲ့ ဖြစ်စဥ် ကို ကြည့်ရင် လူကို လူလို့မသတ်မှတ်တော့ဘူး။အခုထိလည်း စစ်ခွေးတွေအင်အား ၁၀၀ကျော်လောက်နဲ့ စစ်ကြောင်းထိုးနေဆဲပဲ”ဟု ယင်းမာပင်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် တွေ့ရှိသည့် ပြည်သူများကို လူသားဒိုင်းအဖြစ်ခေါ်ယူသွားခြင်း၊နည်းအမျိုးမျိုးဖြင့်နှိပ်စက်၊ညှင်းပန်းမှုနှင့် ရိုက်နှက်မှုများပြုလုပ်နေသည်ဟုလည်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်း တိုင်း၌ ဓာတုလက်နက်များ အသုံးပြု၍ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များကို တိုက်ခိုက်ခဲ့သည့် အထောက်အ ထားပစ္စည်းအချို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။