Connect with us

Hi, what are you looking for?

News

တော်လှန်ရေးတိုက်စစ်အရှိန်မြှင့်မည်ဖြစ်၍ ကြွတ်ကြွတ်အိတ်အမဲများကို အထူးရှောင်ရှားရန် BRHA ပြောက်ကျားတပ်ဖွဲ့သတိပေး

ဖောက်ခွဲတိုက်ခိုက်ရာတွင် အမဲရောင်အိတ်များ၊ ပါဆယ်ပုံးများကို အသုံးပြုမည် ဖြစ်သောကြောင့် ကြွတ်ကြွတ်အိတ်အမဲများကို အထူးသတိထားရှောင်ရှားရန် မေတ္တာရပ်ခံ ထားသည်။

လာမည့်မတ်လ ၂၇ ရက်မှစတင်၍ တော်လှန်ရေးတိုက်စစ်အရှိန်မြှင့်တင် မည်ဖြစ်၍ ပြည်သူများအနေဖြင့် ကြွတ်ကြွတ်အိတ်အမဲများကို အထူးရှောင်ရှား ရန် Burma Revolution Hlaing Army -BRHA က သတိပေးထုတ်ပြန်သည်။

စစ်ကောင်စီ၏ အခြေခံအုတ်မြစ်အဖြစ် ထောက်ပံ့နေသည့် မီတာရုံး ၊အခွန်ရုံး နှင့်စည်ပင်ရုံး များကို အဓိကပစ်မှတ်ထား၍ ပြောက်ကျားနည်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်မည်ဟု အသိပေးထားသည်။

“ပြောက်ကျားနည်းစနစ်အတိုင်း ရုတ်တရက်လူမြင်ကွင်းမှထွက်လာပြီး လျှပ်တပြတ်တိုက်ခိုက်မှုများပြုလုပ်မည်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဝမ်းရေးအရဖြစ်စေ ကိစ္စတစ်စုံတစ်ရာကြောင့်ဖြစ်စေ Mission နယ်နိမိတ်ထဲ ရောက်နေပါက ဘာကိုမှမစပ်စုဘဲ လွတ်ကျွတ်ရာလမ်း (သို့မဟုတ်) အဆောက် အဦးထဲဝင်ရောက်နေထိုင်ပေးပါ”ဟု BRHAက ဆိုသည်။

Public Service Announcement

ဖောက်ခွဲတိုက်ခိုက်ရာတွင် အမဲရောင်အိတ်များ၊ ပါဆယ်ပုံးများကို အသုံးပြုမည် ဖြစ်သောကြောင့် ကြွတ်ကြွတ်အိတ်အမဲများကို အထူးသတိထားရှောင်ရှားရန် မေတ္တာရပ်ခံ ထားသည်။

Public Service Announcement

Public Service Announcement

BRHA ကဲ့သို့ပင် ပြီးခဲ့သည့်ရက်က Thaketa’s Urban Guerrilla Force ကလည်း မြို့ပြများ၌ အပြန်အလှန်ပစ်ခတ်မှုများ ကြုံလာနိုင်သောကြောင့် ယင်းအခြေအနေနှင့်ကြုံလာပါကနေထိုင်သင့်သည့် အချက်များကို ထုတ်ပြန်ခဲ့ သည်။

ထို့ပြင် စစ်ဆင်ရေးများပြုလုပ်ချိန် အရေးပေါ်လမ်းတောင်းသည့် ကား၊ဆိုင်ကယ်များကို လမ်းဖွင့်ပေးရန်နှင့် သေနတ်ပြလမ်းတောင်းမိပါက ခွင့်လွှတ် ရန်ကြိုတင်တောင်းပန်ထားသည်။

(ဖေဖော်ဝါရီ၃ရက်က ရန်ကုန်မြို့တစ်နေရာ၌ မြို့ပြပြောက်ကျားများက ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်နေစဥ်၊ ဓာတ်ပုံ – ရန်ကုန်လူထုသပိတ်/ ဖေ့စ်ဘွတ်ခ်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။