Connect with us

Hi, what are you looking for?

News

ချောင်းဦးနယ်တွင် စစ်​ကောင်စီတပ်နှင့်ပျူများကို တိုက်ခိုက်ရာ ပျူနှစ်ဦး​သေဟု ​အောင်ဆန်းတပ်ဖွဲ့​ပြော

“ဘေးအနီးအနားရွာတွေကတော့ ညစဉ်ညတိုင်း လုံခြုံရေးသတိ အမြဲရှိပြီး ဘယ်အချိန်ပြေးရမလဲ စိုးတထိတ်ထိတ်နဲ့ နေထိုင်နေကြရပါတယ်။”ဟု ချောင်းဦးနယ်ခံတစ်ဦးက ပြောသည်။

(အောင်ဆန်းတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုပြုလုပ်စဥ်။)

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း အောင်ဆန်းတပ်ဖွဲ့ – ASFက သတင်းထုတ်ပြန် သည်။

ယမန်နေ့(မတ်လ ၁၈ ရက်)နံနက် ၈နာရီ ၃၀မိနစ်ခန့်က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးအများစုရှိရာ ရွာတစ်ရွာ ဖြစ်သော ကင်မွန်းတော်ရွာမှ အပြင်သို့ ထွက်လာသည့် ပျူနှင့် စစ်ကောင်စီတပ်သား အချို့အား ချောင်းဦး CHU PDFနှင့် အောင်ဆန်းတပ်ဖွဲ့ – ASF ၏ တပ်ခွဲ ၃ ပူးပေါင်းတပ်တို့မှ ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပျူများမှာ ၎င်းတို့ရွာထဲသို့ ဒရောသောပါး ပြန်ဝင်ပြေးသွားကြပြီး ပျူနှစ်ကောင်ထိခိုက်ဒဏ်ရာ ရသွားကြောင်း အောင်ဆန်းတပ်ဖွဲ့ – ASFက သတင်းထုတ်ပြန်သည်။

(အောင်ဆန်းတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုပြုလုပ်စဥ်။)

“တောပုရွာ ကင်မွန်းတော်ရွာ ကံကြီးကုန်းရွာတို့ဟာ ချောင်းဦး မုံရွာ မြို့နယ်တဝိုက်မှာ ပျူစောထီးအင်အားအကောင်းဆုံးရွာတွေဖြစ်ကြပါတယ်။ အကြမ်းဖက်စစ်တပ်ကလဲ လက်နက်အပြည့်အစုံတပ်ဆင်ပေးထားတဲ့ရွာတွေလို့ပြောရင်လဲ မမှားပါဘူး။ သူတို့တွေဟာ မထင်ရင် မထင်သလို အနီးအနားရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျတ်ဆီး ပစ္စည်းတာတွေ ရပ်ရွာအတွင်း လယ်ယာလုပ်ကိုင် စိုက်ပျိုးတောင်သူတွေထံက လူမိုက်ဆန်ဆန် လက်နက်အားကိုး ဆက်ကြေးတောင်းတာတွေ လုပ်ဆောင်နေကြတဲ့အဖွဲ့တွေပါ။ တလောက ပျူစောထီးရွာ ကံကြီးကုန်းရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်အပြီး ကံကြီးကုန်းက ပျူစောထီးအချို့လဲ ကင်မွန်းတော်ရွာကို လာရောက်ပူးပေါင်းအခြေစိုက်ပြီး နေထိုင်နေကြတယ်လို့ သတင်းရရှိထားပါတယ်”ဟု အောင်ဆန်းတပ်ဖွဲ့ – ASF၏ တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

(အောင်ဆန်းတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုပြုလုပ်စဥ်။)

“ဘေးအနီးအနားရွာတွေကတော့ ညစဉ်ညတိုင်း လုံခြုံရေးသတိ အမြဲရှိပြီး ဘယ်အချိန်ပြေးရမလဲ စိုးတထိတ်ထိတ်နဲ့ နေထိုင်နေကြရပါတယ်။”ဟု ချောင်းဦးနယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၅ ရက်ကလည်း ကင်းမွန်းတော်ရွာမှ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး အင်အား၃၀ခန့်ရွာအပြင်သို့ထွက်လာရာ ချောင်းဦး PDFတပ်ခွဲ(၁)နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ ကင်မွန်းတော်ရွာသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးဘက်မှ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။