Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းဦးနယ်တွင် စစ်​ကောင်စီတပ်နှင့်ပျူများကို တိုက်ခိုက်ရာ ပျူနှစ်ဦး​သေဟု ​အောင်ဆန်းတပ်ဖွဲ့​ပြော

“ဘေးအနီးအနားရွာတွေကတော့ ညစဉ်ညတိုင်း လုံခြုံရေးသတိ အမြဲရှိပြီး ဘယ်အချိန်ပြေးရမလဲ စိုးတထိတ်ထိတ်နဲ့ နေထိုင်နေကြရပါတယ်။”ဟု ချောင်းဦးနယ်ခံတစ်ဦးက ပြောသည်။

(အောင်ဆန်းတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုပြုလုပ်စဥ်။)

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း အောင်ဆန်းတပ်ဖွဲ့ – ASFက သတင်းထုတ်ပြန် သည်။

ယမန်နေ့(မတ်လ ၁၈ ရက်)နံနက် ၈နာရီ ၃၀မိနစ်ခန့်က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးအများစုရှိရာ ရွာတစ်ရွာ ဖြစ်သော ကင်မွန်းတော်ရွာမှ အပြင်သို့ ထွက်လာသည့် ပျူနှင့် စစ်ကောင်စီတပ်သား အချို့အား ချောင်းဦး CHU PDFနှင့် အောင်ဆန်းတပ်ဖွဲ့ – ASF ၏ တပ်ခွဲ ၃ ပူးပေါင်းတပ်တို့မှ ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပျူများမှာ ၎င်းတို့ရွာထဲသို့ ဒရောသောပါး ပြန်ဝင်ပြေးသွားကြပြီး ပျူနှစ်ကောင်ထိခိုက်ဒဏ်ရာ ရသွားကြောင်း အောင်ဆန်းတပ်ဖွဲ့ – ASFက သတင်းထုတ်ပြန်သည်။

(အောင်ဆန်းတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုပြုလုပ်စဥ်။)

“တောပုရွာ ကင်မွန်းတော်ရွာ ကံကြီးကုန်းရွာတို့ဟာ ချောင်းဦး မုံရွာ မြို့နယ်တဝိုက်မှာ ပျူစောထီးအင်အားအကောင်းဆုံးရွာတွေဖြစ်ကြပါတယ်။ အကြမ်းဖက်စစ်တပ်ကလဲ လက်နက်အပြည့်အစုံတပ်ဆင်ပေးထားတဲ့ရွာတွေလို့ပြောရင်လဲ မမှားပါဘူး။ သူတို့တွေဟာ မထင်ရင် မထင်သလို အနီးအနားရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျတ်ဆီး ပစ္စည်းတာတွေ ရပ်ရွာအတွင်း လယ်ယာလုပ်ကိုင် စိုက်ပျိုးတောင်သူတွေထံက လူမိုက်ဆန်ဆန် လက်နက်အားကိုး ဆက်ကြေးတောင်းတာတွေ လုပ်ဆောင်နေကြတဲ့အဖွဲ့တွေပါ။ တလောက ပျူစောထီးရွာ ကံကြီးကုန်းရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်အပြီး ကံကြီးကုန်းက ပျူစောထီးအချို့လဲ ကင်မွန်းတော်ရွာကို လာရောက်ပူးပေါင်းအခြေစိုက်ပြီး နေထိုင်နေကြတယ်လို့ သတင်းရရှိထားပါတယ်”ဟု အောင်ဆန်းတပ်ဖွဲ့ – ASF၏ တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

(အောင်ဆန်းတပ်ဖွဲ့ စစ်ဆင်ရေးတစ်ခုပြုလုပ်စဥ်။)

“ဘေးအနီးအနားရွာတွေကတော့ ညစဉ်ညတိုင်း လုံခြုံရေးသတိ အမြဲရှိပြီး ဘယ်အချိန်ပြေးရမလဲ စိုးတထိတ်ထိတ်နဲ့ နေထိုင်နေကြရပါတယ်။”ဟု ချောင်းဦးနယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၅ ရက်ကလည်း ကင်းမွန်းတော်ရွာမှ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး အင်အား၃၀ခန့်ရွာအပြင်သို့ထွက်လာရာ ချောင်းဦး PDFတပ်ခွဲ(၁)နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ ကင်မွန်းတော်ရွာသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးဘက်မှ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။