Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီ​ကြောင့် နည်းပညာတက္ကသိုလ်​ကျောင်းသားနှစ်ဦးကျဆုံး

အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့်စစ်ကိုင်းနှင့်မော်လမြိုင် နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦး ကျဆုံးခဲ့ကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့များက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ပဉ္စမနှစ် မြို့ပြအင်ဂျင်နီယာဌာနမှ ကျောင်းသားတစ်ဦးသည်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်အား ခုခံတွန်းလှန်စဉ် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရကြောင်း၊ ကျဆုံးခဲ့ရသည့် ကျောင်းသားရဲဘော်၏ မိသားစုနှင့်ထပ်တူမိမိတို့နည်းပညာတက္ကသိုလ်(စစ်ကိုင်း)ကျောင်းသားများသမဂ္ဂမှ ဝမ်းနည်းကြေကွဲရပြီးအလေးနီပြုအပ်ကြောင်း၊ ​အရေးတော်ပုံအတွင်း နည်းပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းသား(၂)ဦး ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီးဖြစ်ကြောင်းနည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ မတ်လ(၁၈)ရက်နေ့ညနေပိုင်းက ရေးမြို့နယ်၊ ဝယ်‌ပေါင်ကျေးရွာ၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နည်းပညာတက္ကသိုလ်(မော်လမြိုင်) ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်ခန့်ဟိန်းနှင့် အခြားအရပ်သားပြည်သူတစ်ဦးအား ဖမ်းဆီးကာစစ်ကြောရေးသို့ပို့ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင်ကိုအောင်ခန့်ဟိန်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီးဆေးကုသခွင့်မရရှိသည့်အတွက်ကြောင့် (၂)ရက်အကြာ မတ်လ(၂၀)ရက်နေ့တွင် စစ်ကြောရေး၌ ကျဆုံးခဲ့ကြောင်း နည်းပညာတက္ကသိုလ်(မော်လမြိုင်) ကျောင်းသားသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းကာလအတွင်း နည်းပညာတက္ကသိုလ်(မော်လမြိုင်)ရှိ ကျောင်းသား/သူများ၏ ဖမ်းဆီး/ကျဆုံး စာရင်းများအား ကျွန်ုပ်တို့သမဂ္ဂမှ မှတ်တမ်းထားစုစည်းလျက်ရှိသည်။ တော်လှန်ရေးအလွန်ကာလများတွင် ကျောင်းသား/‌သူများရသင့်ရထိုက်သော ကျောင်းသားအခွင့်အရေး၊ ပညာရေးအခွင့်အရေးများအတွက် ဆက်လက်တောင်းဆိုသွားမည်ဖြစ်သည်ကြောင်း နည်းပညာတက္ကသိုလ်(မော်လမြိုင်) ကျောင်းသားသမဂ္ဂအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook