Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင် မိုးရွာ၍ မိုင်းအန္တရာယ်ရှိနိုင်သောကြောင့် ပြည်သူများ ခရီးသွားလာခြင်းယာယီရပ်နားထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိ​ပေး

မုံရွာ – အရာတော်လမ်းပိုင်းနှင့် ဗောဓိတစ်ထောင်လမ်းပိုင်းသို့ မိုင်းများ မိုးရွာ၍ ဂျန့်​ဖြစ်နေသောကြောင့် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန်လည်း မြို့ပြပြောက်ကျားအဖွဲ့ “Black Dragon “အဖွဲ့မှ အသိပေးသည်။

▪️မုံရွာမြို့​ပေါ်တွင်လည်း အ​ရေး​ပေါ်ကိစ္စမှလွဲ၍ အပြင်မထွက်ကြရန် သတိ​ပေး

စစ်ကိုင်းတိုင်း မုံရွာမြို့အပါအဝင် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်မြို့နယ်များ၌ မိုးရွာ၍ မိုင်းအန္တရာယ်ရှိနိုင်သောကြောင့် ပြည်သူများအ​နေဖြင့် ခရီးသွားလာခြင်းယာယီရပ်နားထားကြပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ ချောင်းဦးမြို့နှင့် အရာတော်မြို့နယ်တို့တွင် မိုးရွာသွန်းလျက်ရှိပါသဖြင့် မိုင်းရှော့ဖြစ်ပြီး မတော်တဆပေါက်ကွဲမှုများ ရှိနိုင်ပါသဖြင့် ပြည်သူများထိခိုက်မှု မရှိစေရန် ‌ခရီးသွားလာခြင်း ယာယီရပ်နားထားကြပါရန်မေတ္တာရပ်ခံကြောင်း စစ်ကိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

ယနေ့ နံနက် ၁၁နာရီမှစ၍ မုံရွာမြို့​ပေါ်တွင်လည်း အရေးပေါ်ကိစ္စမှအပ အပြင်မထွက်ကြပါရန် Monywa Nightkingအဖွဲ့မှ ဗိုလ်ငချိတ်နှင့် Golden Eagle Force Monywaတို့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“အရေးပေါ်အခြေအနေမို့ လုံးဝ၊လုံးဝ အပြင်မထွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။ အရေးကြီးကိစ္စရှိလျှင်လည်း သတိထားသွားလာကြပါ”ဟု Golden Eagle Force Monywaအဖွဲ့က ပြောသည်။

မုံရွာ – အရာတော်လမ်းပိုင်းနှင့် ဗောဓိတစ်ထောင်လမ်းပိုင်းသို့ မိုင်းများ မိုးရွာ၍ ဂျန့်​ဖြစ်နေသောကြောင့် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန်လည်း မြို့ပြပြောက်ကျားအဖွဲ့ “Black Dragon “အဖွဲ့မှ အသိပေးသည်။

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်းပိုင်းကိုလည်း မိုးရွာ၍ မိုင်းများ ထကွဲနေသောကြောင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့