Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင် မိုးရွာ၍ မိုင်းအန္တရာယ်ရှိနိုင်သောကြောင့် ပြည်သူများ ခရီးသွားလာခြင်းယာယီရပ်နားထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိ​ပေး

မုံရွာ – အရာတော်လမ်းပိုင်းနှင့် ဗောဓိတစ်ထောင်လမ်းပိုင်းသို့ မိုင်းများ မိုးရွာ၍ ဂျန့်​ဖြစ်နေသောကြောင့် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန်လည်း မြို့ပြပြောက်ကျားအဖွဲ့ “Black Dragon “အဖွဲ့မှ အသိပေးသည်။

▪️မုံရွာမြို့​ပေါ်တွင်လည်း အ​ရေး​ပေါ်ကိစ္စမှလွဲ၍ အပြင်မထွက်ကြရန် သတိ​ပေး

စစ်ကိုင်းတိုင်း မုံရွာမြို့အပါအဝင် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်မြို့နယ်များ၌ မိုးရွာ၍ မိုင်းအန္တရာယ်ရှိနိုင်သောကြောင့် ပြည်သူများအ​နေဖြင့် ခရီးသွားလာခြင်းယာယီရပ်နားထားကြပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ ချောင်းဦးမြို့နှင့် အရာတော်မြို့နယ်တို့တွင် မိုးရွာသွန်းလျက်ရှိပါသဖြင့် မိုင်းရှော့ဖြစ်ပြီး မတော်တဆပေါက်ကွဲမှုများ ရှိနိုင်ပါသဖြင့် ပြည်သူများထိခိုက်မှု မရှိစေရန် ‌ခရီးသွားလာခြင်း ယာယီရပ်နားထားကြပါရန်မေတ္တာရပ်ခံကြောင်း စစ်ကိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

ယနေ့ နံနက် ၁၁နာရီမှစ၍ မုံရွာမြို့​ပေါ်တွင်လည်း အရေးပေါ်ကိစ္စမှအပ အပြင်မထွက်ကြပါရန် Monywa Nightkingအဖွဲ့မှ ဗိုလ်ငချိတ်နှင့် Golden Eagle Force Monywaတို့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“အရေးပေါ်အခြေအနေမို့ လုံးဝ၊လုံးဝ အပြင်မထွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။ အရေးကြီးကိစ္စရှိလျှင်လည်း သတိထားသွားလာကြပါ”ဟု Golden Eagle Force Monywaအဖွဲ့က ပြောသည်။

မုံရွာ – အရာတော်လမ်းပိုင်းနှင့် ဗောဓိတစ်ထောင်လမ်းပိုင်းသို့ မိုင်းများ မိုးရွာ၍ ဂျန့်​ဖြစ်နေသောကြောင့် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန်လည်း မြို့ပြပြောက်ကျားအဖွဲ့ “Black Dragon “အဖွဲ့မှ အသိပေးသည်။

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်းပိုင်းကိုလည်း မိုးရွာ၍ မိုင်းများ ထကွဲနေသောကြောင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။