Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေ မသုံးဘူးလို့ ရုရှား အစိုးရ အာမမခံ

ရုရှား သမ္မတ ပူတင်ကလည်း သူ့နိုင်ငံအပေါ် ခြိမ်းခြောက်နေတယ်လို့ သဘောထားတဲ့ နိုင်ငံတွေကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်တာမျိုး ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ဖူးပါတယ်။ ဒါ့အပြင် ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့ပြီး မကြာခင်မှာပဲ ပူတင်က နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို တပ်လှန့်ပြီး စစ်ပြင်ခိုင်းခဲ့ပါသေးတယ်။

နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်ခြေကို ယတိပြတ် ငြင်းပယ်မှာ မဟုတ်ဘူးလို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြန်ကြားရေး အရာရှိချုပ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က အခုလို မှတ်ချက် ပေးသွားတာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲနေတာနဲ့ ပတ်သက်လို့ CNNရဲ့ အင်တာဗျူး အစီအစဉ်မှူး ခရစ္စတင်း အေမန်ပိုရာက ပူတင်ရဲ့ စစ်ရေး ရည်မှန်းချက်တွေ အောင်မြင်မှု ရနေသလားလို့ မေးမြန်းခဲ့ပြီး အခုအချိန်ထိတော့ မျှော်လင့်ထားတာတွေ မဖြစ်သေးဘူးလို့ ပက်စ်ကော့ဗ်က ဖြေကြားသွားပါတယ်။

နောက်ပြီး ရုရှားအနေနဲ့ နျူကလီးယား လက်နက်တွေကို ထုတ်သုံးတာမျိုး ရှိနိုင်သလားဆိုတဲ့ မေးခွန်းကိုလည်း ပက်စ်ကော့ဗ်က နိုင်ငံအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ကြုံလာရင်တော့ ဒီလက်နက်တွေကို ထုတ်သုံးကောင်း သုံးရလိမ့်မယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

ရုရှား သမ္မတ ပူတင်ကလည်း သူ့နိုင်ငံအပေါ် ခြိမ်းခြောက်နေတယ်လို့ သဘောထားတဲ့ နိုင်ငံတွေကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်တာမျိုး ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ဖူးပါတယ်။ ဒါ့အပြင် ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့ပြီး မကြာခင်မှာပဲ ပူတင်က နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို တပ်လှန့်ပြီး စစ်ပြင်ခိုင်းခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

CNNနဲ့ အင်တာဗျူးမှာ ပက်စ်ကော့ဗ်က သူတို့ရဲ့ အစိုးရဟာ ယူကရိန်းကို ကျူးကျော် သိမ်းပိုက်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ အထူးစစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်နေတာသာ ဖြစ်တယ်လို့ တွင်တွင် အခိုင်အမာ ထပ်ပြောသွားပါတယ်။ နောက်ပြီး ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ စစ်ရေး ပစ်မှတ်တွေကိုသာ ဦးတည် တိုက်ခိုက်နေပြီး အရပ်သားတွေကို ရန်ပြုတာမျိုး မရှိဘူးလို့လည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယို မှတ်တမ်းတွေကတော့ သူ့ရဲ့ စကားနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။

ယူကရိန်းမှာ ရုရှား စစ်တပ်ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ အကျပ်ရိုက်နေကြောင်း အနောက်နိုင်ငံ အစိုးရတွေက သုံးသပ်နေချိန်မှာ ပက်စ်ကော့ဗ်က CNNနဲ့ အင်တာဗျူးကို လက်ခံ ဖြေကြားခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။