Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ပြည်သူ့သားကောင်းများကို NUG ဂုဏ်ပြုတွေ့ဆုံ

အဆိုပါ ‘ပြည်သူ့သားကောင်းများနှင့်တွေ့ဆုံပွဲ’ ကို မတ်လ ၁၉ ရက်တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - NUG ကာကွယ်​ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူများသည် ပြည်သူ့ရင်ခွင်ခိုလှုံလာသော ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ‘ပြည်သူ့သားကောင်းများနှင့်တွေ့ဆုံပွဲ’ ကို မတ်လ ၁၉ ရက်တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင် အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား၊ရဲသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် NUG ယာယီသမ္မတကြီးဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပေးပို့သော အားပေးစကားနှင့် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လက်ရှိ NUG၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများကလည်း ကော်မတီ၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။