Connect with us

Hi, what are you looking for?

News

စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိ၍ ပြည်သူများလုံခြုံရေးဂရုပြုရန် ကလေး PDF ​သတိ​ပေး

စစ်ရေးအခြေအနေများဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရာရှိသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံကြောင်း ကလေး PDFက ထုတ်ပြန်သည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေ၍ စစ်ရေးအခြေအနေများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ပြည်သူများအပေါ် အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် ကလေး PDF တပ်ဖွဲ့ဝင်များ အနေဖြင့် ရှိသည့် လက်နက်ခဲယမ်းအနည်းငယ်ဖြင့် အစွမ်းကုန် ရင်ဆိုင်ခုခံတိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ရေးအခြေအနေများဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရာရှိသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံကြောင်း ကလေး PDFက ထုတ်ပြန်သည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

ကလေးတောင်ပိုင်းဒေသများရှိ ဒေသကာကွယ်ရေးတပ်များသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကလေး PDF က ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook