Connect with us

Hi, what are you looking for?

News

စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိ၍ ပြည်သူများလုံခြုံရေးဂရုပြုရန် ကလေး PDF ​သတိ​ပေး

စစ်ရေးအခြေအနေများဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရာရှိသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံကြောင်း ကလေး PDFက ထုတ်ပြန်သည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေ၍ စစ်ရေးအခြေအနေများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ပြည်သူများအပေါ် အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် ကလေး PDF တပ်ဖွဲ့ဝင်များ အနေဖြင့် ရှိသည့် လက်နက်ခဲယမ်းအနည်းငယ်ဖြင့် အစွမ်းကုန် ရင်ဆိုင်ခုခံတိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ရေးအခြေအနေများဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရာရှိသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံကြောင်း ကလေး PDFက ထုတ်ပြန်သည်။

(က​လေး PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

ကလေးတောင်ပိုင်းဒေသများရှိ ဒေသကာကွယ်ရေးတပ်များသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကလေး PDF က ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား