Connect with us

Hi, what are you looking for?

News

လူထုဘဝရပ်တည်မှုအား ဆက်လက်နှောက်ယှက်နေသည့် စစ်ကောင်စီကို နည်းမျိုးစုံဖြင့်တုံ့ပြန်ရတော့မည်ဟု KNU ကြေညာ

လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကော့ကရိတ်မြို့နယ်တွင် လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်ကို အခြေခံ၍ပြည်သူလူထုကြီး တစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်ခံစား ကိုယ်ချင်း စာသည်ဟု ဆိုသည်။

ကော့ကရိတ် – မြ၀တီ၊ မြ၀တီ – ဝေါ်လေ လမ်းအား မနက်ဖြန်မှ စ၍ ဖြတ်သန်းသွားလာခြင်း မပြုရန် ပြည်သူများအားအသိပေး

ပြည်သူလူထု၏ဘ၀ရပ်တည်မှုအား နှောက်ယှက်နေမှုများကို ရပ်ဆိုင်းနိုင်ရေး အသိပေးခဲ့သော်လည်း အလေး မထားသည့်အပြင် တပ်အင်အားတိုးချဲ့မှုများပြုလုပ်လာ၍စစ်ကောင်စီ၏ အလေးမထားမှုများအား နည်းမျိုးစုံဖြင့် တုံ့ပြန်ရတော့မည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကော့ကရိတ်မြို့နယ်တွင် လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်ကို အခြေခံ၍ပြည်သူလူထုကြီး တစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်ခံစား ကိုယ်ချင်း စာသည်ဟု ဆိုသည်။

KNUသည် ပြည်သူလူထုကြီး တစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်ရှိသည့်အပေါ် ဒူးပလာယာခရိုင်အနေဖြင့် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ကာ ကော့ကရိတ် တောင်ပိုင်းနှင့် လေးကေ့ကော်ဒေသများတွင် လာရောက် တပ်စွဲကာ ပြည်သူလူထု၏ဘ၀ရပ်တည်မှုအား နှောက်ယှက်နေမှုများကို ရပ်ဆိုင်းနိုင်ရေး အသိပေးခဲ့သော်လည်း အလေးမထားသည့် အပြင် တပ်အင်အား တိုးချဲ့မှုများ ပြုလုပ်လာခဲ့၍ နည်းမျိုးစုံဖြင့် တုံ့ပြန်ရ တော့မည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေတွင် KNLA နှင့် တပ်ပေါင်းစုများအား အင်အားသုံးခြေမှုန်းရန် အတွက် စစ်ကောင်စီ တပ်သည် တပ်အင်အား အလုံးအရင်းကို KNU တပ်မဟာ(၆)နယ်မြေသို့ ပို့ဆောင်နေကြောင်း၊ ထိုသို့ ပို့ဆောင်ရာ၌ ကော့ကရိတ် – မြ၀တီ လမ်းမကြီးနှင့် မြ၀တီ -ဝေါ်လေ လမ်းမကြီးများအား အသုံးပြုကာ ပြည်သူလူထုကြီးအား အကာအကွယ်ပြု၍ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ ယင်းလုပ်ဆောင်ချက်များသည် ဒူးပလာယာခရိုင်နှင့် တပ်မဟာ(၆)အတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ခု ဖြစ်သည်ဟု ဆိုသည်။

ထိုစိန်ခေါ်မှုအား ရင်ဆိုင်ရန်အတွက် မတ်လ ၂၇ရက် မှစ၍ ကော့ကရိတ်-မြ၀တီ လမ်းမကြီးနှင့် မြ၀တီ ဝေါ်လေ လမ်းမကြီးအား အသုံးပြုလျက်ယာဉ်များ ဖြတ်သန်းသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို ယာယီရပ်ဆိုင်းထားကြရန် KNUက အသိပေးထုတ်ပြန်ခဲ့ပြီး ယခုကြေညာချက်အား ပယ်ဖျက်သည့် ထုတ်ပြန် ကြေညာချက် မထုတ်မချင်းအတည်ဖြစ်သည်ဟု ဖော်ပြသည်။

ပြည်သူလူထု၏ စားဝတ်နေရေး ၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များနှင့် လိုအပ်ချက်များကို နားလည်ကြောင်း KNUက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ခုံတုံးလုပ် အကာအကွယ် ယူပြီး အမြတ်ထုတ်နေမှုများအား ကာကွယ်ရန် ပြည်သူလူထု တစ်ရပ်လုံးမှ ပူးပေါင်း ပါဝင်ကူညီ ပေးကြရန် KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ တပ်ရင်း(၂၀၁)၊ တပ်ရင်း(၁၀၃)၊ တပ်မဟာ စစ်ကြောင်း၊ KNDO တပ်ရင်း(၆)၊ KNDO ဗဟို လုံခြုံရေးတပ်ရင်း၊ တပ်ရင်း (၁၆)၊ တပ်ရင်း(၁၇) နှင့် ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များမှ အထူးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့် ထိုးစစ်ဆင်နေ၍ လတ်တလောတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသတွင်းရှိ ကျေးရွာ ၂၁ရွာမှ လူဦးရေ ၁၇၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။