Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် ညအချိန်မတော်ပြုလုပ်နေသည့် လောင်းကစားဝိုင်းအား မြို့ပြပြောက်ကျားတပ်ဖွဲ့များက သေနတ်ပစ်ဖောက် အသိပေး

ဖောက်ခွဲမှုပြုလုပ်ချိန်တွင် ပြည်သူတစ်ဦးတစ်ယောက်မျှ မထိခိုက်ကြောင်း၊သတိ​ပေးထားမှု ကိုလိုက်နာကြရန်နှင့် ဆက်လက်လုပ်ကိုင်နေသောသူများကိုလည်း မဟာမိတ်ညီနောင် (၃) ဖွဲ့မှ ဆက်လက်အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒဿပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ညအချိန်မတော်ပြုလုပ်နေသည့် လောင်းကစားဝိုင်း တစ်ခုအား မြို့ပြ ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက အသိပေးသည်။

ယမန်နေ့(မတ်လ ၂၅ ရက်)ည ၉ နာရီခန့်က မုံရွာမြို့၊ နန္ဒဝန်၊အမှတ်(၄)၊ နတ်စင်အောက်တွင် ညအချိန်မတော် အောင်စည်လောင်းကစားဝိုင်းများ ဆော့နေသောကြောင့် မဟာမိတ်ညီနောင် သုံးဖွဲ့ပေါင်း၍ အသံဗုံးတစ်လုံး၊သေနတ် ၁ချက် မိုးပေါ်ထောင်ဖောက်ကာသတိပေးခဲ့ကြောင်း၊ ထုတ်ပြန်ထားသောစည်းကမ်းများကို မလိုက်နာခြင်းကြောင့် ယခုကဲ့သို့ ဒဏ်ပေးရ ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။

“လောင်းကစားဝိုင်းက ညတိုင်းရှိတာပါဗျ။ အထူးသဖြင့်ရပ်ကွက်က တိုင်ချက်များ လာတာရောကြောင့် တကယ်အရေးယူဖောက်လိုက်တာပါ။ အသံဗုံးစံနတ်တစ်ချက် မိုးပေါ်တစ်လုံးစံနတ်တစ်ချက် မိုးပေါ်ထောင်ဖောက်ကာ ဆောက်ရွက်ခဲ့ပါတယ်”ဟု ဒဿ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖောက်ခွဲမှုပြုလုပ်ချိန်တွင် ပြည်သူတစ်ဦးတစ်ယောက်မျှ မထိခိုက်ကြောင်း၊သတိ​ပေးထားမှု ကိုလိုက်နာကြရန်နှင့် ဆက်လက်လုပ်ကိုင်နေသောသူများကိုလည်း မဟာမိတ်ညီနောင် (၃) ဖွဲ့မှ ဆက်လက်အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒဿပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညပိုင်းတိုက်ခိုက်မှုတွင် ဒဿပြောက်ကျားတပ်ဖွဲ့၊ Monywa Generation Tigers ၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF အစရှိ သည့်အဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Facebook