Connect with us

Hi, what are you looking for?

News

ပရီးမီးယားလိဂ် Brentford အသင်း ဟားငါးကောင်အဖွဲ့ကို အသင်းသားများ လက်မှတ်ထိုးထားသည့်ဂျာစီ ဂုဏ်ပြုပေးပို့

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက် Twitter စာမျက်နှာ၌ ပြီးခဲ့သည့် ၂၀၂၁ မတ်လအတွင်းက ရေးသားဖော်ပြခဲ့ဖူးသည့် ဘောလုံးအသင်းတစ်သင်းလည်း ဖြစ်သည်။

ဓာတ်ပုံ - ဟားငါးကောင် Facebook

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသည့် လူရွှင်တော်ဟားငါးကောင်အဖွဲ့ကို အသင်းသားများ စု​ပေါင်းလက်မှတ်ရေးထိုးထားသည့် အသင်းဂျာစီအား ဂုဏ်ပြုလက်ဆောင်ပေးပို့ခဲ့ကြောင်း ဟားငါးကောင်အဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – ဟားငါးကောင် Facebook

ဟားငါးကောင်အဖွဲ့သည် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက် ရပ်တည်ကာ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်နေသည့်အတွက် Brentford အသင်းက ဂုဏ်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အမှန်တရားဘက်ကသာ ရပ်တည်ရင် မြန်မာပြည်သူတွေက သာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။ ကျွန်တော်တို့ တော်လှန်ရေးအတွက် ပိုပြီး ဆက်လက် ကြိုးစားပါ့မယ်”ဟု ဟားငါးကောင်အဖွဲ့က လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ရေးသားခဲ့သည်။

ဓာတ်ပုံ – ဟားငါးကောင် Facebook

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက် Twitter စာမျက်နှာ၌ ပြီးခဲ့သည့် ၂၀၂၁ မတ်လအတွင်းက ရေးသားဖော်ပြခဲ့ဖူးသည့် ဘောလုံးအသင်းတစ်သင်းလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။

သတင်း

တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။