Connect with us

Hi, what are you looking for?

LuduNwayOo

News

ပရီးမီးယားလိဂ် Brentford အသင်း ဟားငါးကောင်အဖွဲ့ကို အသင်းသားများ လက်မှတ်ထိုးထားသည့်ဂျာစီ ဂုဏ်ပြုပေးပို့

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက် Twitter စာမျက်နှာ၌ ပြီးခဲ့သည့် ၂၀၂၁ မတ်လအတွင်းက ရေးသားဖော်ပြခဲ့ဖူးသည့် ဘောလုံးအသင်းတစ်သင်းလည်း ဖြစ်သည်။

ဓာတ်ပုံ - ဟားငါးကောင် Facebook

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသည့် လူရွှင်တော်ဟားငါးကောင်အဖွဲ့ကို အသင်းသားများ စု​ပေါင်းလက်မှတ်ရေးထိုးထားသည့် အသင်းဂျာစီအား ဂုဏ်ပြုလက်ဆောင်ပေးပို့ခဲ့ကြောင်း ဟားငါးကောင်အဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – ဟားငါးကောင် Facebook

ဟားငါးကောင်အဖွဲ့သည် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက် ရပ်တည်ကာ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်နေသည့်အတွက် Brentford အသင်းက ဂုဏ်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အမှန်တရားဘက်ကသာ ရပ်တည်ရင် မြန်မာပြည်သူတွေက သာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။ ကျွန်တော်တို့ တော်လှန်ရေးအတွက် ပိုပြီး ဆက်လက် ကြိုးစားပါ့မယ်”ဟု ဟားငါးကောင်အဖွဲ့က လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ရေးသားခဲ့သည်။

ဓာတ်ပုံ – ဟားငါးကောင် Facebook

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းသည် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း ၎င်းတို့၏ လူမှုကွန်ယက် Twitter စာမျက်နှာ၌ ပြီးခဲ့သည့် ၂၀၂၁ မတ်လအတွင်းက ရေးသားဖော်ပြခဲ့ဖူးသည့် ဘောလုံးအသင်းတစ်သင်းလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကောလင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်များကာ လက်နက်မျိုးစုံ ၅၄လက်ထက်မနည်းကို တော်လှန်ရေးတပ်များကသိမ်းဆည်းရရှိခဲ့သည်။

ဆောင်းပါး

ကိုနိုင်ဝင်းပါဝင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆောင်းရာသီက တိုက်ပွဲတစ်ခုဟာ ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော်တွေကြားမှာ ဒီနေ့အထိ ပြောစမှတ်တွင်နေဆဲပါ။

သတင်း

KNDFအစ အမြူတေတပ်ရင်းများကို စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း၊ KNDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို KNPLF(ကလလတ)၏ ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်ပေးခြင်း နှင့် အခြားသော စစ်ရေး/နိုင်ငံရေး အကူအညီများကို KNDF အနေဖြင့် ရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေ​သော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူ​ကြောင်း ဒူးဝါလရှီလက ​ပြောကြားသည်။