Connect with us

Hi, what are you looking for?

News

အတ္တကြီးသော စစ်အာဏာရှင်တို့နှင့် ၎င်းတို့၏ စနစ်ဆိုးအား အမြစ်ပြတ်ခြေမှုန်းပြီးမှသာ အနာဂတ်ပြည်ထောင်စုကို ဆက်လက်တည်ဆောက်နိုင်မည်ဟု CRPH ထုတ်ပြန်

ယနေ့တော်လှန်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီး ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသော တွဲလက်များဖြင့် မိမိတို့၏ တော်လှန်ရေးအောင်ပွဲဆီသို့ ဆက်လက်ကြိုးပမ်းသွားကြရန် CRPH က တိုက်တွန်းသည်။

(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို ပစ်ခတ်ဖြိုခွင်း​​နေသည်ကို ၂၀၂၁ မတ်လက ​တွေ့ရစဥ်၊ ​ဓာတ်ပုံ - Ye Naung Seven Colour)

ပြည်သူများမျှော်ရည်မှန်းသည့် အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ရန်မှာ အတ္တကြီးသော စစ်အာဏာရှင်တို့နှင့် ၎င်းတို့၏ စနစ်ဆိုးအား အမြစ်ပြတ်ခြေမှုန်းပြီးမှသာ ဆက်လက်လျှောက် လမ်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၇၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာတွင် အကြမ်းဖက်စစ်တပ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင် တွန်းလှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်အား ကြိုးပမ်းတည်ဆောက်သွားရမည့် အချိန်အခါကောင်းဖြစ် ကြောင်း CRPH က ဖော်ပြသည်။

ဆယ်စုနှစ် ၇ ခုကျော်ကြာ ၎င်းတို့အာဏာတည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှုသည့် စစ်အာဏာရှင်လူတစ်စုကြောင့် မြန်မာ့တပ်မတော်သည် ပြည်သူလူထု ၏ ယုံကြည် ကိုးစားမှုကို လုံးဝပျက်သုဉ်းသွားပြီဖြစ်သည့်အပြင် စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုသို့ ရောက်ရှိသွားပြီဟု CRPH က ဆိုသည်။

ထို့အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အားစုများဖြင့် တည်ထောင်ဖွဲ့စည်းသွားရန် အထူးလိုအပ်နေပြီဟုလည်း CRPH က ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နှစ်ပေါင်းများစွာကြာ စစ်တပ်၏ နိုင်ငံနှင့် လူမျိုးအပေါ်၌ လူမဆန်သော အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ပြည်သူ ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ ၁၂၉၇၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထား ကြောင်း CRPH က ထုတ်ပြန်သည်။

ယနေ့တော်လှန်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီး ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသော တွဲလက်များဖြင့် မိမိတို့၏ တော်လှန်ရေးအောင်ပွဲဆီသို့ ဆက်လက်ကြိုးပမ်းသွားကြရန် CRPH က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

Facebook