Connect with us

Hi, what are you looking for?

News

မန္တလေးမြို့တော်ဝန်မဏ္ဍပ်စည်ကားအောင် ဝန်ထမ်းတွေနေ့စဉ်စေလွှတ်ဖို့စစ်ကောင်စီစီစဉ်

စစ်အုပ်စုဟာ အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုတာကို နိုင်ငံတကာကိုပြသနိုင်ဖို့အတွက ်သင်္ကြန်ပွဲကို စီစဉ်နေတာပါ။

မန္တလေးမြို့တော်ဝန်မဏ္ဍပ်အဖြစ် တည်ဆောက်နေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကတွေ့မြင်ရစဉ်

သင်္ကြန်ကာလ မန္တလေးမြို့တော်ဝန် မဏ္ဍပ်မှာ လာရောက်ရေကစားဖို့အတွက် ဌာန တစ်ခု ကိုဝန်ထမ်း ၁၀ ဦး နေ့စဉ်စေလွှတ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့သိရပါတယ်။

ဒီလို စေလွှတ်ပေးဖို့အတွက် ဌာနတွင်း စာထုတ်ထားတယ်လို့လည်း ဝန်ထမ်းအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

စစ်အုပ်စုဟာ မန္တလေးအပါအဝင် နေပြည်တော် ၊ရန်ကုန်မြို့ကြီးတွေမှာ သင်္ကြန်ပွဲ လုပ်ဖို့စီစဉ်နေတာပါ။

မန္တလေးမှာဆိုရင် ကျုံးရေပြင်မှာ လောင်းလှေတွေနဲ့ ရေကစားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာ အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်ဆိုတာကို နိုင်ငံတကာကိုပြသနိုင်ဖို့အတွက ်သင်္ကြန်ပွဲကို စီစဉ်နေတာပါ။

ပြီးခဲ့တဲ့နှစ်ကလည်းစီစဉ်ခဲ့ပေမယ့် လူထုဟာ တော်လှန်သင်္ကြန် ဆင်နွှဲခဲ့တာကြောင့် စစ်အုပ်စုရဲ့ကြိုးပမ်းမှု အချည်းနှီးဖြစ်ခဲ့ပါတယ်။

မန္တလေးမှာဆိုရင် စစ်အုပ်စုဟာ တပ်အခြေစိုက်တဲ့ နန်းတွင်းမှာပဲ သင်္ကြန်လုပ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။