Connect with us

Hi, what are you looking for?

News

ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အီလက်ထရောနစ်ပုဒ်မနဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကို ထပ်တိုးတရားစွဲ

ထပ်တိုးတရားစွဲတဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ) ဟာ ထောင်ဒဏ် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကိုထောင်ဒဏ် ၂ နှစ်ချလိုက်ပြီး ရက်ပိုင်းအကြာမှာတင် အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ)နဲ့ စစ်ကောင်စီကထပ်မံ တရားစွဲဆိုလိုက်ပါတယ်။

ဒီလို နောက်ထပ်ပုဒ်မ တစ်ခုနဲ့ထပ်တိုးတရားစွဲတာကို ဦးဟံသာညိန်းရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးထားတာပါ။

ထပ်တိုးတရားစွဲတဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ) ဟာ ထောင်ဒဏ် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နောက် ပြီးခဲ့တဲ့နှစ် မတ်လ အတွင်း ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့က ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ကမာရွတ်မီဒီယာ တည်ထောင်သူ အမေရိကန် နိုင်ငံသားဦးနေသန်မောင်နဲ့ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းတို့ကိုအတင်းအဓမ္မ ဖမ်းဆီးသွားခဲ့တာပါ။

ဦးနေသန်မောင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်ပြီးနောက် ဦးနေသန်မောင်ရဲ့ပြောပြချက်အရ သူတို့နှစ်ဦးကို စစ်ကြောရေးခေါ်ဆောင်သွားပြီး ညှဉ်းပမ်းတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီလို ပုဒ်မထပ်တိုးတာဟာ လည်း လွတ်မြောက်လာပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာတွေကို ကမ္ဘာသိအောင် ထုတ်ပြောခဲ့တဲ့အတွက် ထောင်ထဲမှာကျန်ခဲ့တဲ့ ကိုဟံသာညိန်းကို စစ်ကောင်စီက အငြိုးတကြီး နဲ့ လုပ်ဆောင်တာပဲဖြစ်တယ်လို့ ဦးနေသန်မောင်က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိတ်တဆိတ် ငွေကြေးလက်ခံယူမှု တစ်ခုကြောင့် ကမ္ဘာကျော် Frobes မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်း အယ်ဒီတာ တစ်ဦးဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...

နိုင်ငံတကာ

ယူကရိန်း မိသားစု တစ်ခုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရုရှား စစ်သား နှစ်ယောက်ကို ရုရှား တရားရုံးက ထောင်ဒဏ်တစ်သက် စီရင် ချမှတ်လိုက်ပါတယ်။

Facebook