Connect with us

Hi, what are you looking for?

News

မတူပီသို့ ရိက္ခာပို့ စစ်ယာဉ်တန်းကို မင်းတပ် CDF ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ငါးဦးခန့်သေ

ယနေ့တွင် စစ်ကောင်စီတပ်၏ အင်အား ၇၀ ခန့်ပါ ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းသည် မိုင်တိုင် (၂၃)သို့ ရောက်ရှိနေကြောင်း၊ စစ်ယာဉ်တန်းသည် မိုင်တိုင် (၂၁)နှင့် (၂၂)ကြား ရောက်ရှိနေကြောင်းဖော်ပြထားသည်။

(မ​ကွေးတိုင်း​ကျောက်ထု ​လေယာဥ်ကွင်းမှ ချင်းပြည်နယ်သို့ ထွက်ခွာလာ​သော စစ်​ကောင်စီရိက္ခာယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Mkl Mindat)

ချင်းပြည်နယ် မင်းတပ် -မတူပီလမ်းပိုင်းတွင် စစ်ကောင် စီယာဉ်တန်းကို မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးခန့် သေဆုံးခဲ့ကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

မတူပီမြို့သို့ စစ်လက်နက်နှင့် ရိက္ခာပို့ရန် မင်းတပ်မြို့မှ ဆက်လက်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မတ်လ ၂၆ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်းတပ် -မတူပီလမ်း (၁၆)မိုင်၌ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးခန့်သေဆုံးပြီး မင်းတပ် CDF ဘက်မှ အထိအခိုက်မရှိကြောင်း ဖော်ပြထားသည်။

“သူတို့သွားတယ်။ ကျွန်တော်တို့နဲ့ တိုက်ပွဲရှိတယ် အဲဒီလောက်ပါပဲ”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

မတ်လ ၂၇ရက်တွင် စစ်ကောင်စီတပ်များသည် ၁၇မိုင် ဝန်းကျင်၌ အင်အား ၃၀၀ခန့်ဖြင့် ရောက်ရှိနေပြီး ထိုနေ့၌ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု မလုပ်ခဲ့ကြောင်း၊ ထိုနေ့၌ တိုက်ပွဲမရှိခဲ့ကြောင်း ရှေ့တန်းမှ လာသည့် ရဲဘော်တစ်ဦးကို ကိုးကား၍ မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဒီရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်တွေကို ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ရှေ့တန်းနဲ့ နောက်တန်း ချိတ်ဆက်မှု အားနည်းနေခဲ့တာ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး နောက်ကျမှ သိရပါတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်လာနိုင်ပါတယ်”ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ယနေ့တွင် စစ်ကောင်စီတပ်၏ အင်အား ၇၀ ခန့်ပါ ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းသည် မိုင်တိုင် (၂၃)သို့ ရောက်ရှိနေကြောင်း၊ စစ်ယာဉ်တန်းသည် မိုင်တိုင် (၂၁)နှင့် (၂၂)ကြား ရောက်ရှိနေကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်ယာဉ်တန်းသည် မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး တင့်ကား ၂စီးအပါအဝင် ယာဉ်စီးရေ ၈၀ ကျော်ပါဝင်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။