Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုက ကြက်တိုက်ပွဲမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၉ ဦးသေ

ကြက်တိုက်ပွဲမှာ လူတွေ စည်ကားနေတုန်း ဝင်ရောက် ပစ်ခတ်တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က အသေးစိတ် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ရဲတွေ ရောက်သွားတဲ့ အချိန်မှာတော့ နေရာအနှံ့ ပျံ့ကြဲနေတဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

မက္ကဆီကို နိုင်ငံမှာ လောင်းကြေးထပ်ပြီး ကြက်တိုက်ပွဲ လုပ်နေတုန်း ပစ်ခတ်မှု ဖြစ်ပွားတဲ့အတွက် လူ ၁၉ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မစ်ချိုယာကန် ပြည်နယ်၊ လက်စ်တီနာဂျက်စ်ဆိုတဲ့ မြို့လေးမှာ တရားမဝင် လောင်းကစားဝိုင်း ဖြစ်နေတုန်း သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ အဲဒီ နေရာတဝိုက်က ကြက်ပွဲတွေ အပါအဝင် လောင်းကစားဝိုင်းတွေကို ဒေသခံ ဒုစရိုက်ဂိုဏ်းတွေက ကြီးမှူး ပြုလုပ်လေ့ ရှိပါတယ်။

ကြက်တိုက်ပွဲမှာ လူတွေ စည်ကားနေတုန်း ဝင်ရောက် ပစ်ခတ်တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က အသေးစိတ် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ရဲတွေ ရောက်သွားတဲ့ အချိန်မှာတော့ နေရာအနှံ့ ပျံ့ကြဲနေတဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

မစ်ချိုယာကန် ပြည်နယ်ဟာ မက္ကဆီကိုရဲ့ ဒုစရိုက်မှု ထူပြောရာ နယ်မြေတွေထဲက တစ်ခု ဖြစ်ပါတယ်။ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ၊ မြစ်ထဲ မျောပါလာတဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ အလောင်းတွေ ဆိုတာက ဒေသတွင်းမှာ ကြားနေမြင်နေကျ ကိစ္စတွေ ဖြစ်နေပါပြီ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မက္ကဆီကိုက နာရေး အခမ်းအနားတွေ၊ အရက်ဘားတွေမှာ သေနတ်နဲ့ ဝင်ပစ်တဲ့ မှုခင်းတွေ ပိုများပြားလာပါတယ်။ ဒီလို ဖြစ်ရပ် အများစုက ပြိုင်ဘက် ဒုစရိုက်ဂိုဏ်းတွေ အချင်းချင်း ရန်ငြှိုးထား လုပ်ကြံကြတာကြောင့် ဖြစ်ပါတယ်။

လက်စ်တီနာဂျက်စ် မြို့က ပစ်ခတ်မှုမှာတော့ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးပြီး အားလုံးက သေနတ်ဒဏ်ရာကြောင့် အသက်ဆုံးရှုံးရတာလို့ မှုခင်း ဆေးပညာရှင်တွေက အတည်ပြုထားပါတယ်။ လတ်တလောမှာတော့ ပြည်နယ် အစိုးရဟာ ရဲတွေအပြင် စစ်တပ်ကိုပါ အကူအညီ တောင်းခံပြီး သံသယ တရားခံတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။8:16 PM

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတကာ

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။