Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မက္ကဆီကိုက ကြက်တိုက်ပွဲမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၉ ဦးသေ

ကြက်တိုက်ပွဲမှာ လူတွေ စည်ကားနေတုန်း ဝင်ရောက် ပစ်ခတ်တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က အသေးစိတ် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ရဲတွေ ရောက်သွားတဲ့ အချိန်မှာတော့ နေရာအနှံ့ ပျံ့ကြဲနေတဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

မက္ကဆီကို နိုင်ငံမှာ လောင်းကြေးထပ်ပြီး ကြက်တိုက်ပွဲ လုပ်နေတုန်း ပစ်ခတ်မှု ဖြစ်ပွားတဲ့အတွက် လူ ၁၉ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မစ်ချိုယာကန် ပြည်နယ်၊ လက်စ်တီနာဂျက်စ်ဆိုတဲ့ မြို့လေးမှာ တရားမဝင် လောင်းကစားဝိုင်း ဖြစ်နေတုန်း သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ အဲဒီ နေရာတဝိုက်က ကြက်ပွဲတွေ အပါအဝင် လောင်းကစားဝိုင်းတွေကို ဒေသခံ ဒုစရိုက်ဂိုဏ်းတွေက ကြီးမှူး ပြုလုပ်လေ့ ရှိပါတယ်။

ကြက်တိုက်ပွဲမှာ လူတွေ စည်ကားနေတုန်း ဝင်ရောက် ပစ်ခတ်တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က အသေးစိတ် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ရဲတွေ ရောက်သွားတဲ့ အချိန်မှာတော့ နေရာအနှံ့ ပျံ့ကြဲနေတဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

မစ်ချိုယာကန် ပြည်နယ်ဟာ မက္ကဆီကိုရဲ့ ဒုစရိုက်မှု ထူပြောရာ နယ်မြေတွေထဲက တစ်ခု ဖြစ်ပါတယ်။ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ၊ မြစ်ထဲ မျောပါလာတဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ အလောင်းတွေ ဆိုတာက ဒေသတွင်းမှာ ကြားနေမြင်နေကျ ကိစ္စတွေ ဖြစ်နေပါပြီ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မက္ကဆီကိုက နာရေး အခမ်းအနားတွေ၊ အရက်ဘားတွေမှာ သေနတ်နဲ့ ဝင်ပစ်တဲ့ မှုခင်းတွေ ပိုများပြားလာပါတယ်။ ဒီလို ဖြစ်ရပ် အများစုက ပြိုင်ဘက် ဒုစရိုက်ဂိုဏ်းတွေ အချင်းချင်း ရန်ငြှိုးထား လုပ်ကြံကြတာကြောင့် ဖြစ်ပါတယ်။

လက်စ်တီနာဂျက်စ် မြို့က ပစ်ခတ်မှုမှာတော့ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးပြီး အားလုံးက သေနတ်ဒဏ်ရာကြောင့် အသက်ဆုံးရှုံးရတာလို့ မှုခင်း ဆေးပညာရှင်တွေက အတည်ပြုထားပါတယ်။ လတ်တလောမှာတော့ ပြည်နယ် အစိုးရဟာ ရဲတွေအပြင် စစ်တပ်ကိုပါ အကူအညီ တောင်းခံပြီး သံသယ တရားခံတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။8:16 PM

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။