Connect with us

Hi, what are you looking for?

News

သုံးရက်အတွင်းတိုက်ပွဲ ၁၀ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးသေဟု KNUတပ်မဟာ(၅) ထုတ်ပြန်

ကြိမ်ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ယင်းဖြစ်စဉ်တွင်စစ်ကောင်စီ၏ ကား တစ်စီး လည်း ပျက်စီးခဲ့ဟု ထုတ်ပြန် သည်။တိုက်ပွဲ ၅ကြိမ်တွင် KNU တပ်မဟာ(၅) ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

ဓာတ်ပုံ - K T G

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်တွင် ဇူလိုင် ၁၉ရက်မှ ၂၁ ရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅) က ယနေ့ သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ကား ၂စီး ပျက် စီးခဲ့သည့်အပြင် ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်းလည်း ဖော်ပြသည်။

ဓာတ်ပုံ – K T G

ဇူလိုင် ၁၉ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA တပ်မဟာ(၅)အကြား တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ယင်းဖြစ်စဉ်တွင်စစ်ကောင်စီ၏ ကား တစ်စီး လည်း ပျက်စီးခဲ့ဟု ထုတ်ပြန် သည်။တိုက်ပွဲ ၅ကြိမ်တွင် KNU တပ်မဟာ(၅) ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

ယင်းနေ့၌ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) က နိုခဲထါ့ နှင့် မိုလို့ပါ ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးပေါင်း ၄၀ ခန့်ပစ်ခတ်ခဲ့၍ ကျွဲ၅ကောင် သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၀ ရက်တွင် စစ်ကောင်စီ/BGF ပူးပေါင်းအဖွဲ့ဝင်များနှင့် ကိုင်းတော ကျေးရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် BGFဘက်မှ ၅ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရကာ ကား ၁စီး ပျက်စီး မီးလောင်ကျွမ်းခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ယင်းနေ့၌ပင် လူသောမြို့နယ် လယ်မူပလောဒေသတွင် တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေ ဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဇူလိုင် ၂၁ရက်တွင် မဲ၀ိုင်စခန်းအနီး ဖြစ်သည့် တိုက်ပွဲအပါအဝင် တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုအခြေအနေကို မသိရဟု ဖော် ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့ဝင်များ သည် မူတြော်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် တပ်အင်အား တိုးချဲ့မှုများ ပိုမိုပြုလုပ်လာကြောင်း၊ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးချဲ့လာသည့်အပြင် လူသောမြို့နယ် ခေးပူဒေသအတွင်း တပ်စခန်း (၂)ခု ထပ်မံတိုးချဲ့ထားကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

(ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း နယ်ခြားသံလွင်မြစ်ကမ်းနားအနီးရှိ သော်လဲထာစခန်းတွင် ယနေ့နံနက်က ကရင်အမျိုးသားအလံကို ကရင်အမျိုးသားစစ်သည်များက လွှင့်ထူခဲ့ကြသည့် ပုံရိပ်မြင်ကွင်းအချို့ကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။