Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဝါဒဖြန့်ဇာတ်ကားရိုက်ကူးမည့် အနုပညာရှင်အချို့ လိုက်ပါသည့် ရထား ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင် တိုက်ခိုက်ခံရ

“ပြင်ဦးလွင်မှာ ရုပ်ရှင်လား၊ သီချင်းလား မသိဘူး ရိုက်ဖို့လာကြတာ။ စစ်တပ်ကိုလော်ဘီလုပ်ပေးမယ့် သူတွေ ပါလာကြတာ။ မိုင်းကွဲတော့ သူတို့ လန့်နေကြတယ်။ ရထားကတော့ ရှေ့ဆက်သွားတာမတွေ့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကောင်စီအတွက် ဝါဒဖြန့်ဇာတ်ကားရိုက်မည့် အနုပညာရှင်အချို့လိုက်ပါလာသည့်ရထား ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည်။

စစ်တပ်​ထောက်ခံသူ ရွှေရူပါဦးနှင့်ဒေါ်နွဲ့နွဲ့စန်းတို့အပါအဝင် အနုပညာရှင်အချို့ လိုက်ပါလာသည့် ရထားသည် ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်း ပိတ်ချင်းမြောင်အနီးတွင် ယနေ့(မတ်လ ၂၉ရက်)ညနေ ၄နာရီခန့်က မိုင်းဆွဲဖောက်ခွဲခံရခြင်းဟု ဒေသခံများက ပြောသည်။ မည်သည့်အနုပညာရှင်များ လိုက်ပါလာသည်ကို သီးခြားအတည်မပြုနိုင်သေးပေ။

“ပြင်ဦးလွင်မှာ ရုပ်ရှင်လား၊ သီချင်းလား မသိဘူး ရိုက်ဖို့လာကြတာ။ စစ်တပ်ကိုလော်ဘီလုပ်ပေးမယ့် သူတွေ ပါလာကြတာ။ မိုင်းကွဲတော့ သူတို့ လန့်နေကြတယ်။ ရထားကတော့ ရှေ့ဆက်သွားတာမတွေ့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ဖြစ်ရပ်ကြောင့် ရထားလမ်းပိုင်းပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နာမည်ကြီး အနုပညာရှင်အချို့ကို လူမှုထူးချွန်ဆုများပေးအပ်ခဲ့ရာ အဆိုပါ အနုပညာရှင်များအား လူထုက ရှုတ်ချနေကြသည်။ စစ်ကောင်စီ၏ ဂုဏ်ပြုခံရသူများတွင် ဝင်းဦးကဲ့သို့ သေဆုံးပြီးသား အနုပညာရှင်အချို့လည်း ပါဝင်နေ၍ ရယ်ဖွယ်ဖြစ်နေသည်ဟု ပြည်သူများက မှတ်ချက်ပြုနေကြသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။