Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် “သတိုးမင်းရဲကျော်ထင်”စစ်ဆင်ရေးစတင်သည့်အနေဖြင့် စစ်ကောင်စီယာဥ်ကို အဝေးထိန်းပဒေသာမိုင်းနှစ်လုံးဖြင့် GODအဖွဲ့တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်သေးကြောင်း ပြသသည့်အနေဖြင့် ဘုရင့်နောင် (၅၃၂)တပ်ရင်းအနီး အဝေးထိန်းဗုံးဖြင့် G.O.Dက ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

(ဓာတ်ပုံ- သပိတ်ငယ်အသွင်ယူ၍ မိုင်းချခဲ့ခြင်းဖြစ်သည်။)

ရန်ကုန်မြို့တွင် “သတိုးမင်းရဲကျော်ထင်”စစ်ဆင်ရေး စတင်အသက်သွင်းသည့်အနေဖြင့် ပြောက်ကျား သပိတ်ငယ်အသွင်ယူကာ စစ်ကောင်စီယာဥ်ကို အဝေးထိန်းပဒေသာမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Gods Of Death က အသိ​ပေးထုတ်ပြန်သည်။

ယနေ့ (မတ်လ ၃၀ရက်) နံနက် ၁၀နာရီ ၃၅မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်(အ.ထ.က) သုဝဏ္ဏကျောင်းရှေ့၌ စစ်ကျွန်ပညာရေးအလိုမရှိသော ကျောင်းသား​ပြောက်ကျား သပိတ်ငယ်အသွင်ယူကာ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် မိုင်းချခဲ့သည့်နေရာသို့ကင်းလှည့် စစ်ကောင်စီ DC ကားတစ်စီး လာရောက်စစ်ဆေးချိန် ဖောက်ခွဲမှုအားပြုလုပ်ခဲ့ကာ စစ်ကောင်စီဘက်၌ အထိအခိုက် များရှိသည်ဟုကြားသိရပြီး အသေးစိတ်ကိုမသိရှိသေးဟု G.O.D က အသိပေးသည်။

ယခုစစ်ဆင်ရေးသည် ပြင်းထန်သော စစ်ဆင်ရေးဖြစ်သည့်အတွက် နောက်လာမည့်ဖြစ်စဥ်များတွင် စစ်ဆင်ရေးကိုသာဦးစားပေး၍ တစ်ရှိန်ထိုးဆက်သွားမည် ဖြစ်သဖြင့် မိဘပြည်သူ များအနေဖြင့် အပျော်ပါးများလျှော့၍ စစ်ကောင်စီနှင့် ပတ်သက်သောနေရာဟူသမျှရှောင်ကြဥ်
ရန် နောက်ဆုံးအကြိမ်အဖြစ် G.O.Dက မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်သေးကြောင်း ပြသသည့်အနေဖြင့် ဘုရင့်နောင် (၅၃၂)တပ်ရင်းအနီး အဝေးထိန်းဗုံးဖြင့် G.O.Dက ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

အလားတူ မတ်လ ၅ ရက်ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးကို အဝေးထိန်းဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။