Connect with us

Hi, what are you looking for?

News

ဖာပွန်ရှိ စစ်ကောင်စီရှေ့တန်းစခန်းသို့ လေယာဉ်ဖြင့်ကြဲချပို့ဆောင်သည့် လက်နက်ခဲယမ်းများကို KNU တပ်မဟာ(၅) သိမ်းဆည်း

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)ကလည်း ဖာပွန်-ထွီသီးအူ(ခွေးသေ) အကြား လမ်းကင်းဝပ်စဉ် အနီးအနားရှိကျေးရွာများအတွင်းသို့ လက်နက်ကြီး(၃၀)လုံးခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

▪️မသယ်ဆောင်နိုင်သည့် ပစ္စည်းများကို မီးရှို့ဖျက်ဆီး၊စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်၍ မဲဝိုင်ရွာခံ သုံးဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ ရှေ့တန်း စခန်းသို့ လေယာဉ် ​လေးစီးဖြင့် လက်နက်ခဲယမ်း၊ ရိက္ခာများ ကြဲချပို့ဆောင်ရာ ယင်းလက်နက်ခဲယမ်းများကို တပ်မဟာ (၅)တပ်ဖွဲ့ဝင်များကသိမ်းဆည်းရမိခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

မတ်လ ၂၉ရက်က စစ်ကောင်စီတပ်စခန်း မယ်ဝေ(မဲဝိုင်) ရှေ့တန်းစခန်းအတွက် စစ်လေယာဥ်​လေးစီးမှ လက်နက်ခဲယမ်းများနှင့် ဝတ္ထုပစ္စည်းများအားကြဲချရန်ရောက်လာကြောင်း၊ ​လေးစီးအနက် တစ်စီးမှကြဲချစဉ် တပ်မဟာ (၅)တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထား သည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားချိန် ဝတ္ထုပစ္စည်းများမကြဲချနိုင်သေးသည့် ကျန်စစ်လေယာဉ် သုံးစီးသည်လည်း ယင်းဒေသအပေါ်သို့ စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့၍ မဲဝိုင်ရွာမှ အမျိုးသမီးငယ် တစ်ဦး အပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ဗုံးဆံထိမှန် မီးစွဲလောင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီကြဲချသွားသည့် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများအားလုံး တပ်မဟာ (၅)လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၀၂) တပ်ခွဲ တပ်ဖွဲ့ဝင်များက ရယူသိမ်းဆည်းကာ သယ်ဆောင်နိုင်စွမ်းမရှိသည့်ရိက္ခာပစ္စည်းများကို နေရာ၌ပင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့(မတ်လ ၃၀ရက်)နံနက်ပိုင်းက ဖွေးပူးလူးဒေသအတွင်း လမ်းကင်းယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား တစ်ကြိမ်၊ ကမမို(ကမမောင်း)ဖက်မှတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ဘောကျိုထာတွင်တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အတည်မပြုနိုင်သေးကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က လည်းအနီးအနားရှိ ကျေးရွာများသို့လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းဖော်ပြသည်။

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)ကလည်း ဖာပွန်-ထွီသီးအူ(ခွေးသေ) အကြား လမ်းကင်းဝပ်စဉ် အနီးအနားရှိကျေးရွာများအတွင်းသို့ လက်နက်ကြီး(၃၀)လုံးခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။