Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ရှိ ဗိုလ်မှူးချုပ်တင့်ဆန်းပိုင် TK စား​သောက်ဆိုင် မိုင်းခွဲတိုက်ခိုက်ခံရ

ပေါက်ကွဲမှုဖြစ်သည့် အချိန်၌ ယင်းစားသောက်ဆိုင်တွင် စစ်တက္ကသိုလ် အပတ်စဉ် (၂၆)ကျောင်းဆင်း အရာရှိဟောင်းများ တွေ့ဆုံပွဲကျင်းပနေခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ လူနာတင်ကားနှင့် စစ်ကားများရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

ရန်ကုန်မြို့ စမ်း​ချောင်းမြို့နယ် ပန်းလှိုင်လမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်တင့်ဆန်းမိသားစုပိုင် TK Family စားသောက်ဆိုင်ကို ယမန်​နေ့ ည​နေ ၅နာရီမိနစ်၄၀အချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန် ရေး လက်နက်ကိုင်တပ်ဖွဲ့ (BFRAF)မှ တာဝန်ခံက People’s Springသို့ ပြော သည်။

“မိုင်းသုံးလုံးထောင်တာ ၊ နှစ်လုံးက ဂျန်ပါမိသွားတယ်။သူတို့လမ်းပိတ်ပြီး ရှင်းနေတုန်း နောက်တစ်လုံးခွဲချလိုက်တာ”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်မှုအသေးစိတ်မသိရသော်လည်း အရေးပေါ်လူနာတင်ကား ရောက်လာသည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။

“သုံးလုံးပွင့်ရင် အလောင်းတောင် ကောက်နိုင်မှာမဟုတ်ဘူး။ အားပြင်းတာတွေသုံးထားတာ”ဟု BFRAF တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်သည့် အချိန်၌ ယင်းစားသောက်ဆိုင်တွင် စစ်တက္ကသိုလ် အပတ်စဉ် (၂၆)ကျောင်းဆင်း အရာရှိဟောင်းများ တွေ့ဆုံပွဲကျင်းပနေခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ လူနာတင်ကားနှင့် စစ်ကားများရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

ယင်းစစ်ဆင်ရေးကို BFRAF နှင့်အတူ God’s Hand Forces ၊Special Nway Oo အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“မဟာမိတ်အင်အားစုရဲ့ ခြေလှမ်းတစ်ခုအနေနဲ့ လှုပ်ရှားခဲ့တာ ၊နောက်လည်း အင်အားစုတွေပေါင်းပြီး စစ်ဆင် ရေး အရှိန်မြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု BFRAF တာဝန်ခံက ပြောသည်။

BFRAF အဖွဲ့သည် မတ်လ ၂၂ ရက်က အခြားမြို့ပြ​ပြောက်ကျားအဖွဲ့များ နှင့် မဟာမိတ်အဖြစ်ပေါင်းစည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုတွင် ပါဝင်သူများမှာ ညပိုင်းတွင် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း BFRAF တာဝန်ခံက အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။

“ကလေးတွေ အကုန်​ဘေးကင်းတယ်”ဟု ၎င်းကပြော သည်။

TK စားသောက်ဆိုင်က ယင်းဆိုင်ကို ဗိုလ်မှူးချုပ်တင့်ဆန်း မိသားစုက ပိုင်ဆိုင်ခြင်းမဟုတ်ကြောင်းနှင့် ဆိုင်တွင် မည်သည့်ပွဲမှကျင်းပခြင်းမရှိသလို ပေါက်ကွဲမှုမဖြစ်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။