Connect with us

Hi, what are you looking for?

News

နိုင်ငံခြားဝင်​ငွေများကို တစ်ရက်အတွင်း တစ်​ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့်ဘဏ်များသို့​ရောင်းရန်စစ်​ကောင်စီဖိအား​ပေး

အကြမ်းဖက်စစ်​ကောင်စီ၏ အဆိုပါကန့်သတ်ချက်များပြဌာန်းပြီး​နောက် ပြည်ပသို့အဓိကတင်ပို့​သော ပဲမျိုးစုံ​ဈေးမှာ တစ်တင်းလျှင် ကျပ် ၁၀၀၀ ​ကျော်​ဈေးကျသွား​ကြောင်းလည်း ပဲနှမ်းကုန်သည်အချို့က​ပြောသည်။

●စစ်​ကောင်စီက​​ဒေါ်လာလိုအပ်ချက်များ​နေပြီး ၊ပြည်သူများကို​ဒေါ်လာမကိုင်ခိုင်း​တော့ဘဲ မိုက်​ကြေးခွဲ​သောလုပ်ရပ်ဟုလုပ်ငန်းရှင်များသုံးသပ်

ပြည်ပမှရသည့် နိုင်ငံခြားငွေများကို တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းဘဏ်များသို့ ရောင်းချရမည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဖိအား​ပေးထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရငွေများကို လေးလအတွင်း ပြည်တွင်းဘဏ်များကို ရောင်းချရမည်ဟု ၂၀၂၁ စက်တင်ဘာ ၃ ရက်တွင်ကြေညာခဲ့သည်။ထို​နောက် တစ်လအကြာ​အောက်တိုဘာ ၃ ရက်တွင် ပို့ကုန်ရ​ငွေများကို ရက်ပေါင်း ၃၀ အတွင်းရောင်းချရမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို​နောက် ​ခြောက်လ အကြာတွင် တရက်အတွင်းရောင်းချရမည်ဟု စစ်​ကောင်စီကဖိအား​ပေးလိုက်ခြင်းဖြစ်သည်။ အရပ်သားအစိုးရလက်ထက်တွင် ထိုသို့သတ်မှတ်ထားခြင်းမရှိ​ဘဲ ​ဈေးကွက်အတိုင်းလွတ်လပ်ခွင့်​ပေးခဲ့သည်။

ရောင်းချရမည့်ငွေများတွင် နိုင်ငံခြားမှ ရရှိလာသည့် နိုင်ငံခြားသုံးငွေ အားလုံးပါဝင်ခြင်းဖြစ်ပြီး ရောင်းချရာတွင်လည်း နှုန်းသေ ၁၈၅၀ကျပ်ဖြင့်သာရောင်းချရမည်ဟု သတ်မှတ်သည်။ အခြားနိုင်ငံခြားငွေများကိုလည်း တစ်ဒေါ်လာ ၁၈၅၀ကျပ်အပေါ်အခြေခံ၍ တွက်ချက်ရမည်ဟုလည်း စစ်ကောင်စီက ချုပ်ခြယ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၂၀၅၀ကျပ်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီသတ်မှတ်နှုန်းသည်လက်ရှိပြင်ပ​ပေါက်​ဈေးနှင့်နှိုင်းယှဥ်ပါက တစ်ဒေါ်လာကို ကျပ် ၂၀၀ လျော့နည်း​နေသည်။

Public Service Announcement

Public Service Announcement

“တနင်္ဂနွေလို့ ပိတ်ရက်ကြီးမှာတောင် ရုံးအမိန့်စာထုတ်တယ်ဆိုကတည်းက သူတို့မှ နိုင်ငံခြားငွေလိုနေတယ်ဆိုတာ အရမ်းသိသာတယ်။ အခုက ၂၀၀၀ ခုနှစ်တုန်းကလို အကုန်လုံးထိန်းချုပ်ပြီး လူထုကို ဒေါ်လာပေးမကိုင်တော့တဲ့ သဘောပါပဲ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီကအဆိုပါသတ်မှတ်ချက်ကို ဧပြီ ၄ ရက်(ယ​နေ့)ကစတင်အသက်ဝင်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့်ထားသည့် ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းကဆိုသည်။ ထိုအပြင်ယခင်ဘဏ်အကောင့်များရှိ နိုင်ငံခြားငွေများကိုလည်း တစ်ရက်အတွင်း အပြီးသတ်ရောင်းချရမည့် စာရင်းထဲတွင်ပါဝင်သည်ဟုလည်း​ဖော်ပြသည်။

ထိုအပြင် ပြည်ပသို့ နိုင်ငံခြားငွေများလွှဲပြောင်းရာတွင် စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မူကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်ဟုကန့်သတ်လိုက်ပြန်သည်။

“Earning ငွေတွေကို မိုက်ကြေးခွဲ ပြန်ပေးဆွဲတယ်လို့ ပြောရမှာပေါ့”ဟုပို့ကုန်လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာကို သုံးမျိုးအသုံးပြုနေပြီး Earning (ပို့ကုန်၊လစာရငွေ) ၊ငွေသားအရွက်နှင့် ပြည်ပ ရှိ ဒေါ်လာငွေသားတို့ဖြစ်သည်။ ယခု စစ်ကောင်စီက ထိန်းချုပ်နေသည့်မှာ ပို့ကုန်ရ​ငွေနှင့် ​​ဒေါ်လာဖြင့်ရ​သောလစာရငွေများကိုဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခုလို့ ကန့်သတ်ခြင်းက ဒေါ်လာငွေသားအရွက်အပေါ်တွင် သက်ရောက်မူ များများမရှိနိုင်ကြောင်းနှင့် နိုင်ငံ့စီးပွားရေးအပေါ် တစ်ပတ်အတွင်း သက်ရောက်မူကြီးနိုင်သည်ဟု အထက်ပါပို့ကုန်လုပ်ငန်းရှင်ကသုံးသပ်သည်။

ယခင်က ပို့ကုန်ရငွေများကို ကုန်သည်အချင်းချင်းလွဲပြောင်းရောင်းချခွင့်ပေးသော်လည်း ယခု ကန့်သတ်ချက်တွင် ရောင်းချခွင့်မရတော့ကြောင်းလည်းလုပ်ငန်းရှင်အချို့က​ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ အဆိုပါကန့်သတ်ချက်များပြဌာန်းပြီး​နောက် ပြည်ပသို့အဓိကတင်ပို့​သော ပဲမျိုးစုံ​ဈေးမှာ တစ်တင်းလျှင် ကျပ် ၁၀၀၀ ​ကျော်​ဈေးကျသွား​ကြောင်းလည်း ပဲနှမ်းကုန်သည်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။