Connect with us

Hi, what are you looking for?

News

NUG ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူများ ယနေ့တွေ့ဆုံမည်

လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ အလုပ်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆုမွန်ကောင်း တောင်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူများနှင့် ယနေ့(ဧပြီ ၅ ရက်) တွေ့ဆုံမည်ဖြစ်သည်။

အမေရိကန်သို့ ရောက်ရှိနေသည့် NUG ကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီးဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်တို့ပါဝင်ပြီး ယင်းခရီးစဉ်အတွင်း အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအကျပ်အတည်း၊ လူသားချင်းစာနာထောက် ထားမှုအကူအညီများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု သိရသည်။

ခရီးစဉ် ပထမနေ့(ဧပြီ ၄ ရက်)တွင် NUG ကိုယ်စားလှယ်အဖွဲ့သည် မြို့တော်ဝါရှင်တန်ရှိ Holocaust Memorial Museum သို့သွားရောက်ကာ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ မှတ်တမ်းများကို လေ့လာခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများ၊ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ ဥပဒေပြုလွှတ်တော်အမတ်များနှင့်တွေ့ဆုံရန်စီစဉ်ထားကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ အလုပ်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆုမွန်ကောင်း တောင်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။