Connect with us

Hi, what are you looking for?

News

ဒေါ်လာနှင့်ပတ်သပ်၍ပိတ်ပင်မှုများတွင်စစ်​ကောင်စီနှင့် ၎င်းတို့လက်​အောက်ကဌာနများမပါဟုထပ်မံထုတ်ပြန်

အများပြည်သူများသည် ပြည်ပမှရသည့် နိုင်ငံခြားငွေများကို ဘဏ်အကောင့်တွင်းဝင်ရောက်ပါက တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းဘဏ်များသို့မဖြစ်မ​နေရောင်းချရမည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဧပြီ ၃ရက်ကဖိအား​ပေးထားသည်။

ပြည်ပမှ ရလာသည့် နိုင်ငံခြားငွေများကို ၂၄ နာရီအတွင်းရောင်းချရန်နှင့် ပြည်ပသို့ နိုင်ငံခြားငွေလွှဲခွင့်ကို ပိတ်ပင်ရာတွင် စစ်ကောင်စီနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် ဌာနများ မပါဝင်ကြောင်း အကြမ်းဖက်စစ်ကောက်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ထပ်မံထုတ်ပြန်သည်။

အများပြည်သူများသည် ပြည်ပမှရသည့် နိုင်ငံခြားငွေများကို ဘဏ်အကောင့်တွင်းဝင်ရောက်ပါက တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းဘဏ်များသို့မဖြစ်မ​နေရောင်းချရမည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဧပြီ ၃ရက်ကဖိအား​ပေးထားသည်။

ထိုအပြင် ပြည်ပသို့ နိုင်ငံခြားငွေများလွှဲပြောင်းရာတွင် စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မူ ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်ဟုကန့်သတ်ထားသည်။
ထိုကန့်သတ်မူများကြောင့် ပြည်တွင်းဘဏ်များက နိုင်ငံခြားငွေ ထည့်သွင်းထားသည့် ဘဏ်အကောင့်များကို ဧပြီ ၄ ရက်စတင်ပြီး အသုံးပြုခွင့်ပိတ်ခဲ့သည်။ နိုင်ငံခြားငွေချေစနစ်ဖြစ်သည့် VISA ၊ Master ကတ်များ အားလုံး အသုံးပြု၍ မရတော့ပေ။

ယခုအခါ ထိုကန့်သတ်ချက်များတွင် စစ်ကောင်စီနှင့် ၎င်းတို့လက်​အောက်ခံဌာနများပါဝင်ခြင်းမရှိ ဧပြီ ၅ရက် (ယနေ့)တွင်ပြန်လည်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီလိုဖြစ်လာမယ်ဆိုတာ မှန်းဆထားပြီးသားပါ။ သာမန်ပြည်သူတွေကိုတော့ ဒေါ်လာမကိုင်နဲ့ ငါတို့ဘဲ ကိုင်မယ်ဆိုတဲ့ သဘောပါပဲ”ဟုကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိကာလတွင် စစ်ကောင်စီကနိုင်ငံခြားငွေ လိုအပ်ချက်ကြီးမားနေခြင်းကြောင့် ပြည်သူပိုင်ဒေါ်လာများကို အဓမ္မသိမ်းယူခြင်းဖြစ်သည်ဟု အထက်ပါပို့ကုန်လုပ်ငန်းရှင်ကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။