Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် လူလိမ်များနှင့် စစ်ကောင်စီလက်ပါးစေများက PDFနှင့် KIA အမည်ခံပြီး ဆက်ကြေးကောက်နေ

ထီးချိုင့်မြို့နယ်အတွင်း ဖုန်းဆက်ခြိမ်းခြောက် ကာ ငွေကြေးတောင်းခံလျှက်ရှိရာ K Pay အကောင့်ပို့ကာ ငွေလွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုများရှိနေသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း၌ လူလိမ်များနှင့် စစ်ကောင်စီလက်ပါးစေများက ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အမည်ခံပြီး ဆက်ကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အပေါ် သက်သေနှင့်အတူ တိုင်ကြားရန် Tigyaing Revolution က ထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့နယ်အတွင်း ဖုန်းဆက်ခြိမ်းခြောက် ကာ ငွေကြေးတောင်းခံလျှက်ရှိရာ K Pay အကောင့်ပို့ကာ ငွေလွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုများရှိနေသည်ဟု ဆိုသည်။

ထိုသို့ ခြိမ်းခြောက်သည့်အဖွဲ့သည် PDF၊ KIA အမည်ခံပြီး ဆက်ကြေးကောက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ် အနေဖြင့် မည်သည့် အခါတွင်မှ ထိုသို့ပြုလုပ်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

“PDFများ နာမည်ပျက်အောင် တမင်ရည်ရွယ် တောင်း စားနေသော လူလိမ်များ၊ပြူစောထီးများ ၊စခ ဘက် တော်သားများသာ ဖြစ်ကြောင်း အသိပေးလိုပါသည်။PDF များသည် ဘယ်တော့မှ ထိုသို့သော အပြုအမှု များကို ပြုလုပ်ခြင်း မရှိသည့်အတွက် ထိုသို့ ဆက်သွယ်တောင်းခံ ခြင်းပြုလုပ်နေသူများကို စုံစမ်းရှာဖွေ အပြစ် ပေးအရေးယူသွားမည်ဖြစ်ကြောင်း အပြင်းအထန်သတိပေးလိုက်ပါသည်”ဟု Tigyaing Revolution က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အဆိုပါ အခြေအနေမျိုး ကြုံတွေ့လာပါက ငွေလွှဲခြင်းမပြုဘဲ ဆက်သွယ်လာသူ၏ ဖုန်းနံပါတ်များကို သက်သေနှင့်တကွ အသံဖိုင်ပါအရယူ၍ Tigyaing Revolution ၏ Facebook Page သို့ ပေးပို့ တိုင်ကြားကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook