Connect with us

Hi, what are you looking for?

News

မကွေးတိုင်း ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံး မှုရှိ

စစ်ကောင်စီတပ်များပြန်လည်ဆုတ်စဥ် စေတုတ္တရာမြို့နယ်၊ သက္ကယ်ကျင်း ကျေးရွာ အနောက်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ပြီး ငဖဲမြို့နယ်မှ ခါကျင်ရွာနှင့် ရှစ်ခုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း PRA က အသိပေးသည်။

မကွေးတိုင်း ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းကို စောင့်ကြိုတိုက် ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ People’s Revolution Alliance(PRA Magway) က ယနေ့(ဧပြီ ၈)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့ နံနက် ၇နာရီခွဲခန့်တွင် ငဖဲမြို့နှင့် (၁၆)မိုင်ခန့် အကွာတွင်ရှိသော ရေယာဥ်တောင်ကြောသို့ ရောက်ရှိလာစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အသေအပျောက် များနိုင်သော်လည်း ကာပစ်၍ ပြန်ဆုတ်သွားရာ ရန်သူထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များပြန်လည်ဆုတ်စဥ် စေတုတ္တရာမြို့နယ်၊ သက္ကယ်ကျင်း ကျေးရွာ အနောက်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ပြီး ငဖဲမြို့နယ်မှ ခါကျင်ရွာနှင့် ရှစ်ခုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း PRA က အသိပေးသည်။

Public Service Announcement

Public Service Announcement

အင်အား ၆၀၀ခန့်ပါဝင်သော အကြမ်းဖက်စစ်ကောင်စီတပ်သည် ငဖဲမြို့နယ် အတွင်းသို့ ဧပြီ ၆ ရက်ကစပြီး စစ်ကြောင်းထိုးလျက်ရှိရာ PRA Magway နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၂၀ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။