Connect with us

Hi, what are you looking for?

News

ကရင်နီဒေသ ဧပြီပထမပတ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၅ဦး​သေ၊ အတည်မပြုနိုင်သည့် ထိခိုက်မှုများလည်းရှိဟု KNDFထုတ်ပြန်

ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများအနီးတွင် မတ်လ နောက်ဆုံးပတ်မှ ဧပြီ ပထမအပတ်အထိ နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည်ဟုဆိုသည်။

▪️စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် KNDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ ပြည်သူနှစ်ဦးသေဆုံးပြီး နေအိမ် ၄၀ကျော်ပျက်စီး

ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီပထမပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ သည်ဟု KNDFက ယနေ့ထုတ်ပြန်သည်။

ကရင်နီဒေသ တိုက်ပွဲဖြစ်စဉ်များကို KNDFက အပတ်စဉ် ထုတ်ပြန်လျက်ရှိရာ ဧပြီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆို – ဖရူဆို ကားလမ်းမတလျှောက် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပြီး ဖရူဆိုနှင့်ဘောလခဲမြို့နယ်များသို့ တပ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်လျက် ရှိကြောင်း ဖော်ပြသည်။

ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများအနီးတွင် မတ်လ နောက်ဆုံးပတ်မှ ဧပြီ ပထမအပတ်အထိ နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဧပြီ ပထမပတ်အတွင်း လွိုင်ကော်၊ လောပိတရေအားလျှပ်စစ် စက်ရုံအမှတ်(၁)ရှိ စစ်ကောင်စီကင်းစခန်းနေရာ၊ ဒီးမော့ဆို ကုန်းသာကျေးရွာ စာသင်ကျောင်း၊ ဒီးမော့ဆို ထူလွှီးဘီလာ နှင့် ပဒုံငံ ကျေးရွာအနီး၊ ဖရူဆိုမြိုကနယ် ငွေတောင်ရွာသစ်နှင့် ကဒါးလား ကျေးရွာအကြား၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး၊ ဖရူဆိုမြို့နယ် ဒေါညေးခူ ကျေးရွာအနီးတို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဧပြီ ၂ရက်က လောပိတရှိ စစ်ကောင်စီကင်းစခန်းအား ကရင်နီတပ်မတော်(KA)နှင့် KNDF တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးခဲ့ပြီး ယင်းနေ့၌ပင် ကုန်းသာရွာစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KA/KNDFက တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

ထူလွှီးဘီလာနှင့် ပဒုံငံရွာအနီး တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ သေဆုံထိခိုက်ရှိခဲ့ကြောင်း၊ ငွေ တောင်ရွာသစ်နှင့် ကဒါးလားရွာအကြား စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဒီးမော့ဆို-ဖရူဆိုလမ်း ထီးသော်ကူးရွာအနီးတွင်လည်း စစ်ကောင်စီယာဉ်တန်းကို KNDFက ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးရှိနိုင်သည်ဟုဆိုသည်။

ထူးလွှီးဘီလာကျေးရွာအနီးတွင် ဧပြီ ၆ရက်က တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုကို အသေးစိတ် အတည်မပြနိုင်ကြောင်း၊ ဧပြီ ၇ရက် ဒေါညေးခူရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ငွေတောင်ရွာသစ်အနီး တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ​လေးဦးသေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ဧပြီပထမပတ်အတွင်း တိုက်ပွဲများ၌ KNDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရာ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့သည့် ရဲဘော်အား အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ်သမိုင်းမှတ်တမ်းတင် အလေးပြုသည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဧပြီ ပထမပတ်အတွင်းအရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ် ၃၅လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး နေအိမ်(၉)လုံးမှာ လက်နက် ကြီး ထိမှန်မှုကြောင့်ပျက်စီးခဲ့ရကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။