Connect with us

Hi, what are you looking for?

News

သင်္ကြန်မဏ္ဍပ်စည်ကားစေရေး ဝန်ထမ်းများနေ့စဥ် အလှည့်ကျမပျက်မကွက် လာ​ရောက်ရန် စစ်​ကောင်စီ ပြည်ထဲ​ရေးညွှန်ကြား

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် စည်ကားစေရေးအတွက် ကြီးကြပ်မည့် အရာရှိများ စာရင်းကိုလည်းတောင်းခံထားကြောင်း အဆိုပါ‌စာတွင် ဖော်ပြသည်။

(ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်​ရှေ့၌ ​ဆောက်လုပ်ထား​သော မဏ္ဍပ်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

သင်္ကြန်မဏ္ဍပ်စည်ကားစေရေး ဝန်ထမ်းများအင်အားအပြည့်ဖြင့် နေ့ရက်အလိုက် အလှည့်ကျမပျက်မကွက် လာရောက်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားစာတစ်ခုကို Myanmar Police CDM Channel – MP CCက ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် စည်ကားစေရေးအတွက် ကြီးကြပ်မည့် အရာရှိများ စာရင်းကိုလည်းတောင်းခံထားကြောင်း အဆိုပါ‌စာတွင် ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် ဧပြီ ၁၃ ရက် မှ ၁၆ ရက်အထိ ယိမ်းအကများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး အင်အားအပြည့်ဖြင့် ကြည့်ရှု့အားပေးနိုင်ရေးကိုလည်းဝန်ကြီးဌာနလက်အောက်မှ ဝန်ထမ်းများ တက်ရောက်ရမည်ဟုလည်း ပါရှိသည်။

“ပြည်သူကို စည်းရုံးမရတော့ စစ်ဏာရှင်က သူ့ရဲ့ကျွန် တွေနဲ့ အစားထိုးပြီး သင်္ကြန်ကို ရုပ်လုံးဖော်မယ်ဆိုတာ ကျွန်တော်တို့ အစကတည်းက တွေးထားပြီးသား။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရရင် ရသလို ဝင်တိုက်မှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သတ်သမျှ အရာအားလုံးနဲ့ ဝေးဝေးနေဖို့ သတိပေးလိုတယ်”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု၏ တင်းကြပ်သောလုံခြုံရေးများကြားမှပင် မြို့တော်ခန်းမရှေ့၌ ​သင်္ကြန်ပျော်ပွဲ၊ရွှင်ပွဲပြု လုပ်ရန်စီစဥ်နေသော စစ်ကောင်စီထောက်ပို့ကားများနှင့်ဘန်ကာအနီး ရှိစစ်ကောင်စီတပ်ကို ယမန်နေ့(ဧပြီ ၇ ရက်)တွင် Dark Shadow (YGN)က တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ အတုအယောင် ဖန်တီးထားသော သင်္ကြန်မဏ္ဍပ်များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုအချို့က သတိပေးထားပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။