Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ကြန်မဏ္ဍပ်စည်ကားစေရေး ဝန်ထမ်းများနေ့စဥ် အလှည့်ကျမပျက်မကွက် လာ​ရောက်ရန် စစ်​ကောင်စီ ပြည်ထဲ​ရေးညွှန်ကြား

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် စည်ကားစေရေးအတွက် ကြီးကြပ်မည့် အရာရှိများ စာရင်းကိုလည်းတောင်းခံထားကြောင်း အဆိုပါ‌စာတွင် ဖော်ပြသည်။

(ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်​ရှေ့၌ ​ဆောက်လုပ်ထား​သော မဏ္ဍပ်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

သင်္ကြန်မဏ္ဍပ်စည်ကားစေရေး ဝန်ထမ်းများအင်အားအပြည့်ဖြင့် နေ့ရက်အလိုက် အလှည့်ကျမပျက်မကွက် လာရောက်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားစာတစ်ခုကို Myanmar Police CDM Channel – MP CCက ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် စည်ကားစေရေးအတွက် ကြီးကြပ်မည့် အရာရှိများ စာရင်းကိုလည်းတောင်းခံထားကြောင်း အဆိုပါ‌စာတွင် ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် ဧပြီ ၁၃ ရက် မှ ၁၆ ရက်အထိ ယိမ်းအကများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး အင်အားအပြည့်ဖြင့် ကြည့်ရှု့အားပေးနိုင်ရေးကိုလည်းဝန်ကြီးဌာနလက်အောက်မှ ဝန်ထမ်းများ တက်ရောက်ရမည်ဟုလည်း ပါရှိသည်။

“ပြည်သူကို စည်းရုံးမရတော့ စစ်ဏာရှင်က သူ့ရဲ့ကျွန် တွေနဲ့ အစားထိုးပြီး သင်္ကြန်ကို ရုပ်လုံးဖော်မယ်ဆိုတာ ကျွန်တော်တို့ အစကတည်းက တွေးထားပြီးသား။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရရင် ရသလို ဝင်တိုက်မှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သတ်သမျှ အရာအားလုံးနဲ့ ဝေးဝေးနေဖို့ သတိပေးလိုတယ်”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု၏ တင်းကြပ်သောလုံခြုံရေးများကြားမှပင် မြို့တော်ခန်းမရှေ့၌ ​သင်္ကြန်ပျော်ပွဲ၊ရွှင်ပွဲပြု လုပ်ရန်စီစဥ်နေသော စစ်ကောင်စီထောက်ပို့ကားများနှင့်ဘန်ကာအနီး ရှိစစ်ကောင်စီတပ်ကို ယမန်နေ့(ဧပြီ ၇ ရက်)တွင် Dark Shadow (YGN)က တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ အတုအယောင် ဖန်တီးထားသော သင်္ကြန်မဏ္ဍပ်များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုအချို့က သတိပေးထားပြီး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။