Connect with us

Hi, what are you looking for?

News

ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်စေရန် NUG ဆုမွန်ကောင်းတောင်း

ယနေ့ကျရောက်သော ရက္ခိုင့်တပ်တော် ထူထောင်ခြင်း (၁၃) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သဝဏ်လွှာပေးပို့သည်။

ယနေ့ကျရောက်သော ရက္ခိုင့်တပ်တော် ထူထောင်ခြင်း (၁၃) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

သဝဏ်လွှာတွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ရခိုင်ပြည်သူလူထုကိုဦးဆောင်ပြီး တော်လှန်ရေးတိုက်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ထူထောင်ခဲ့မှုကို ဂုဏ်ပြုအသိ အမှတ်ပြုကြောင်းဖော်ပြသည်။

NUG သည် အာဏာရှင်များ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် လူမျိုးကြီးဝါဒနှင့် တပြည်ထောင်အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင် ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုး အားလုံး၏ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အာမခံသည့် နိုင်ငံရေးစနစ်သစ်ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။