Connect with us

Hi, what are you looking for?

News

ဆိပ်ခွန်ရွာတွင် ​စျေးဝယ်ပြန်လာ​သော စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦး​သေဟုဆို

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသည် အထည်အလိပ်နှင့်ပတ်သက်၍ နာမည်ကျော်သောကျေးရွာဖြစ်ပြီး ဝန်ထမ်းများလည်းနေထိုင်ကာ CDM အားကောင်းသော ရွာကြီးတစ်ရွာဖြစ်၍ စစ်တ​ပ်က မကြာခဏ ဖိနှိပ်မှုများပြုလုပ်လေ့ရှိပြီး တပ်စွဲထားသည်။

(ဆိပ်ခွန်ကျေးရွာ အထက်တန်းကျောင်းရှေ့ရှိ စစ်အာ ဏာရှင်ဆန့်ကျင်ထားမှုများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ စျေးဝယ်အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား သုံးဦးသေဆုံးကြောင်း SNAKE EYES PDF အဖွဲ့ကထုတ်ပြန်သည်။

ဧပြီ ၉ ရက်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ဈေးဝယ်အပြန်တွင် SNAKE EYES PDFနှင့် C&T SHWEBO တို့မှ အသင့်စောင့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က အသိပေးသည်။

“ပထမ နှစ်ယောက်သေတယ်ကြားတာ။ သုံးယောက်ထိသွားတယ်လို့ ထပ်သိရတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း PDF နှစ်ဖွဲ့အား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသည် အထည်အလိပ်နှင့်ပတ်သက်၍ နာမည်ကျော်သောကျေးရွာဖြစ်ပြီး ဝန်ထမ်းများလည်းနေထိုင်ကာ CDM အားကောင်းသော ရွာကြီးတစ်ရွာဖြစ်၍ စစ်တ​ပ်က မကြာခဏ ဖိနှိပ်မှုများပြုလုပ်လေ့ရှိပြီး တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။