Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆိပ်ခွန်ရွာတွင် ​စျေးဝယ်ပြန်လာ​သော စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦး​သေဟုဆို

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသည် အထည်အလိပ်နှင့်ပတ်သက်၍ နာမည်ကျော်သောကျေးရွာဖြစ်ပြီး ဝန်ထမ်းများလည်းနေထိုင်ကာ CDM အားကောင်းသော ရွာကြီးတစ်ရွာဖြစ်၍ စစ်တ​ပ်က မကြာခဏ ဖိနှိပ်မှုများပြုလုပ်လေ့ရှိပြီး တပ်စွဲထားသည်။

(ဆိပ်ခွန်ကျေးရွာ အထက်တန်းကျောင်းရှေ့ရှိ စစ်အာ ဏာရှင်ဆန့်ကျင်ထားမှုများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ စျေးဝယ်အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား သုံးဦးသေဆုံးကြောင်း SNAKE EYES PDF အဖွဲ့ကထုတ်ပြန်သည်။

ဧပြီ ၉ ရက်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ဈေးဝယ်အပြန်တွင် SNAKE EYES PDFနှင့် C&T SHWEBO တို့မှ အသင့်စောင့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က အသိပေးသည်။

“ပထမ နှစ်ယောက်သေတယ်ကြားတာ။ သုံးယောက်ထိသွားတယ်လို့ ထပ်သိရတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း PDF နှစ်ဖွဲ့အား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာသည် အထည်အလိပ်နှင့်ပတ်သက်၍ နာမည်ကျော်သောကျေးရွာဖြစ်ပြီး ဝန်ထမ်းများလည်းနေထိုင်ကာ CDM အားကောင်းသော ရွာကြီးတစ်ရွာဖြစ်၍ စစ်တ​ပ်က မကြာခဏ ဖိနှိပ်မှုများပြုလုပ်လေ့ရှိပြီး တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။