Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးပရဟိတအသင်းများ ဗဟိုမဏ္ဍပ်တွင်လူနာတင်ယာဥ်များ အသင့်ရပ်ထားရန် စစ်ကောင်စီကဖိအား​ပေး​စေခိုင်း

လူနာတင်ယာဥ်များ လာရောက်ရပ်နားထားခြင်း မရှိပါက ပရဟိတ အသင်း ဥက္ကဌများကို ဖမ်းဆီး၊ အရေးယူမည်ခြိမ်း​ခြောက်ထားသည့် အတွက် ပရဟိတအဖွဲ့များ အခက်ကြုံနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

(ပဲခူးတွင် စစ်​ကောင်စီက သကြ်န်မဏ္ဍပ်ပြင်ဆင်ထားစဥ် ။ဓာတ်ပုံ - CJ )

ပဲခူးမြို့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တွင်လူနာတင်ယာဥ်( Ambulance) တစ်စီးစီ အသင့်​ရပ်ထားရန် အကြမ်းဖက် စစ်ကောင်စီကပရဟိတအသင်းများကိုအဓမ္မဖိအား​ပေးစေခိုင်းနေကြောင်း ဒေသခံများက​ပြောသည်။

လူနာတင်ယာဥ်များ လာရောက်ရပ်နားထားခြင်း မရှိပါက ပရဟိတ အသင်း ဥက္ကဌများကို ဖမ်းဆီး၊ အရေးယူမည်ခြိမ်း​ခြောက်ထားသည့် အတွက် ပရဟိတအဖွဲ့များ အခက်ကြုံနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“မနက်ဖြန် ဗဟိုသင်္ကြန်မဏ္ဍပ်မှာ ပရဟိတအသင်းက Ambulance ကားတစ်စီးစီ လာရပ်ဖို့ စစ်ကောင်စီက အသင်းတွေကို လှမ်းအကြောင်းကြားတယ်။ လာမရပ်ပေးရင် အရေးယူမယ်လို့လဲ ပြောတယ်။ အသင်းက ကလေးတွေကလည်း မသွားချင်ကြဘူး။ ဗုံးပေါက်တာမျိုး ဖြစ်မှာ စိုးရိမ်နေတယ်။ မသွားမဖြစ် ဆိုတော့လည်း သူတို့နဲ့ ခပ်လှမ်းလှမ်းမှာပဲ ရပ်စောင့်ဖို့ လုပ်ရမှာပဲ ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြ၍ တိုင်းပြည်၏ အခြေအနေကို ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးရန်အတွက် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ပြီး လူစည်ကားရန်အတွက်လည်း ပြည်သူများကို ပိုက်ဆံပေး၍ လိုက်လံစည်းရုံးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။