Connect with us

Hi, what are you looking for?

LuduNwayOo

News

သံအမတ်များကို မင်းအောင်လှိုင်နှင့်တွေ့ဆုံစေမည့်အစား NUG ကို တရားဝင်အသိအမှတ်ပြုရန် နိုင်ငံတကာကို SAC-M တိုက်တွန်း

အိန္ဒိယ၊ ဩစတြေးလျနှင့် ဆော်ဒီအာရေဗျနိုင်ငံများအနေဖြင့် ဗြိတိန်၊ အမေရိကန်၊ အီးယူနှင့် ကနေဒါကဲ့သို့ မင်းအောင်လှိုင်နှင့် အခြားသော စစ်ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးပိတ်ဆို့ ဒဏ်ခတ်မှုများလုပ်ဆောင်ရန်လည်း SAC-M က တောင်းဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ၎င်းတို့၏ သံအမတ်များကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစေမည့်အစား NUG တရားဝင်အသိအမှတ်ပြုကာ စစ်ကောင်စီကို ဖြတ် ၃ ဖြတ် ချမှတ်ရန် ကုလသမဂ္ဂကျွမ်းကျင်သူများအဖွဲ့ SAC-M က ယနေ့ တိုက်တွန်းထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က မြေပြင်တွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ကျူးလွန်နေချိန်၌ နိုင်ငံတကာအစိုးရများက ၎င်းတို့၏ သံအမတ်များကို အကြမ်းဖက်စစ်ခေါင်းဆောင်နှင့်တွေ့ဆုံစေမှုကို SAC-M က ကန့်ကွက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဩစတြေးလျသံအမတ်၊ အိန္ဒိယသံအမတ်နှင့် ဆော်ဒီအာရေဗျသံအမတ်တို့က အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံပြီးနောက် ယင်းတွေ့ဆုံမှုများက ရှက်ဖွယ်ကောင်းသော တွေ့ဆုံမှုများဖြစ်ကြောင်းနှင့် အမှားဘက်၌ ရပ်တည်မှုအဖြစ် သမိုင်းတွင်ကျန်ရစ်မည်ဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

“မြန်မာပြည်သူတွေဟာ အာဏာရှင်ဝါဒကို အလျှော့ပေးရေး သူတို့ကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ အတွင်းအင်အားစုကနေ သူတို့ကိုသူတို့ ခုခံကာကွယ်ဖို့နဲ့ သူတို့ရဲ့ ဒီမိုကရေစီအတွက် အလုံးစုံရုန်းကန်နေရပါတယ်” ဟု SAC-M အဖွဲ့ဝင် ယန်ဟီးလီက ပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယ၊ ဩစတြေးလျနှင့် ဆော်ဒီအာရေဗျနိုင်ငံများအနေဖြင့် ဗြိတိန်၊ အမေရိကန်၊ အီးယူနှင့် ကနေဒါကဲ့သို့ မင်းအောင်လှိုင်နှင့် အခြားသော စစ်ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးပိတ်ဆို့ ဒဏ်ခတ်မှုများလုပ်ဆောင်ရန်လည်း SAC-M က တောင်းဆိုသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ လက်ခံနိုင်သော စံနှုန်းသတ်မှတ်ချက်များအရ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုသင့်ပြီး မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက NUG နှင့် ပူးပေါင်းလုပ်ဆောင်သင့် ကြောင်း SAC-M က တိုက်တွန်းသည်။

တချိန်တည်းတွင် တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်ထောက်ပံ့မှုနှင့် ငွေကြေးစီးဝင်စေမှု ဖြတ်တောက်ရန်၊ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်း ပေးရန် SAC-M က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။