Connect with us

Hi, what are you looking for?

News

သံအမတ်များကို မင်းအောင်လှိုင်နှင့်တွေ့ဆုံစေမည့်အစား NUG ကို တရားဝင်အသိအမှတ်ပြုရန် နိုင်ငံတကာကို SAC-M တိုက်တွန်း

အိန္ဒိယ၊ ဩစတြေးလျနှင့် ဆော်ဒီအာရေဗျနိုင်ငံများအနေဖြင့် ဗြိတိန်၊ အမေရိကန်၊ အီးယူနှင့် ကနေဒါကဲ့သို့ မင်းအောင်လှိုင်နှင့် အခြားသော စစ်ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးပိတ်ဆို့ ဒဏ်ခတ်မှုများလုပ်ဆောင်ရန်လည်း SAC-M က တောင်းဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ၎င်းတို့၏ သံအမတ်များကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစေမည့်အစား NUG တရားဝင်အသိအမှတ်ပြုကာ စစ်ကောင်စီကို ဖြတ် ၃ ဖြတ် ချမှတ်ရန် ကုလသမဂ္ဂကျွမ်းကျင်သူများအဖွဲ့ SAC-M က ယနေ့ တိုက်တွန်းထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က မြေပြင်တွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ကျူးလွန်နေချိန်၌ နိုင်ငံတကာအစိုးရများက ၎င်းတို့၏ သံအမတ်များကို အကြမ်းဖက်စစ်ခေါင်းဆောင်နှင့်တွေ့ဆုံစေမှုကို SAC-M က ကန့်ကွက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဩစတြေးလျသံအမတ်၊ အိန္ဒိယသံအမတ်နှင့် ဆော်ဒီအာရေဗျသံအမတ်တို့က အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံပြီးနောက် ယင်းတွေ့ဆုံမှုများက ရှက်ဖွယ်ကောင်းသော တွေ့ဆုံမှုများဖြစ်ကြောင်းနှင့် အမှားဘက်၌ ရပ်တည်မှုအဖြစ် သမိုင်းတွင်ကျန်ရစ်မည်ဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

“မြန်မာပြည်သူတွေဟာ အာဏာရှင်ဝါဒကို အလျှော့ပေးရေး သူတို့ကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ အတွင်းအင်အားစုကနေ သူတို့ကိုသူတို့ ခုခံကာကွယ်ဖို့နဲ့ သူတို့ရဲ့ ဒီမိုကရေစီအတွက် အလုံးစုံရုန်းကန်နေရပါတယ်” ဟု SAC-M အဖွဲ့ဝင် ယန်ဟီးလီက ပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယ၊ ဩစတြေးလျနှင့် ဆော်ဒီအာရေဗျနိုင်ငံများအနေဖြင့် ဗြိတိန်၊ အမေရိကန်၊ အီးယူနှင့် ကနေဒါကဲ့သို့ မင်းအောင်လှိုင်နှင့် အခြားသော စစ်ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးပိတ်ဆို့ ဒဏ်ခတ်မှုများလုပ်ဆောင်ရန်လည်း SAC-M က တောင်းဆိုသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ လက်ခံနိုင်သော စံနှုန်းသတ်မှတ်ချက်များအရ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုသင့်ပြီး မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက NUG နှင့် ပူးပေါင်းလုပ်ဆောင်သင့် ကြောင်း SAC-M က တိုက်တွန်းသည်။

တချိန်တည်းတွင် တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်ထောက်ပံ့မှုနှင့် ငွေကြေးစီးဝင်စေမှု ဖြတ်တောက်ရန်၊ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်း ပေးရန် SAC-M က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်