စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြည်သူများအကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် အတုအယောင်ဟန်ပြသင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန်နှင့် ကျန်းမာရေးကိစ္စမှအပ ပြင်ပထွက်ခြင်းမပြုရန် မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေးသည်။
မုံရွာမြို့တွင် စစ်ကောင်စီမှ ကျင်းပသော ရေပေါ်ဆီသင်္ကြန်အား ထိထိရောက်ရောက် တုန့်ပြန်မည်ဖြစ်ပါသဖြင့် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍာပ်များ အနီးတ၀ိုက်နှင့် လူစည်ကားရာနေရာများသို့မသွားကြရန်နှင့် အရေးပေါ်ကိစ္မမှအပ အပြင်မသွားကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော Unity Force Monywa၊Peacock Generation Force၊ Monywa NightKing၊Brother Defense Force၊Monywa DeathKiller Group၊ PDF South Monywa တို့က အသိပေးချက်ထုတ်ပြန်ထားသည်။

ယနေ့ (ဧပြီလ ၁၃ ရက်နေ့) သင်္ကြန်အကြိုနေ့မှစ၍ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ နေ့စဥ် နံနက်၁၀နာရီမှ ညနေ၅နာရီအတွင်း မုံရွာမြို့ရှိမိဘပြည်သူတို့အားကျန်းမာရေး ကိစ္စမှအပ အပြင်မထွက်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးသည်။ ထိုအဖွဲ့များမှာ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – 2 – 3 – 4 ( Chindwin Attack Force) နှင့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – 2 ( Chindwin Attack Force) ၏ အထူးစုံစမ်းစစ်ဆင်းရေးအဖွဲ့ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ / Monywa The Boys ၊ တပ်ခွဲ – ၁ / Monywa Ranger Group (Turth Army) ၊ တပ်ခွဲ – ၃ /Northwest Plains Revolutionary Forces-NPRF (အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု ) ၊ တပ်ခွဲ – ၄ / Fight For People – F.F.P ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – 3 ( Chindwin Attack Force) ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၄ ( Chindwin Attack Force) ၏ တပ်ခွဲ – ၁ / သပြေညို ပြောက်ကျားအဖွဲ့ နှင့် တပ်ရင်းတပ်ခွဲများ၏ မဟာမိတ်အဖွဲ့များဖြစ်ပြီး စုပေါင်း၍ အထူးသတိပေးကြေညာချက်ထုတ်ပြန်သည်။
သင်္ကြန်မဏ္ဍပ်အနီးတွင် အသွားအလာဆင်ခြင်ကြရန်နှင့်ထုတ်ပြန်ချက်ကို မလိုက်နာ၍ ထိခိုက်မှု ဖြစ်ပေါ်လာပါက ၀မ်းနည်းရုံမှတစ်ပါး တာ၀န်ယူမည် မဟုတ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement


















































