Connect with us

Hi, what are you looking for?

News

သင်္ကြန်အကြတ်နေ့တွင် ​မြောင်မြို့ ဒုစခန်းမှူး ​မွေး​နေ့ပွဲကျင်းပ​နေစဥ် PDF နှင့် ​ပြောက်ကျားအဖွဲ့များက ရိုင်ဖယ်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့ ညနေပိုင်းက မြောင်မြို့နယ်ရဲစခန်းမှ ဒုစခန်းမှူး စည်သူလွင်၏ မွေးနေ့အား ဆောင်းဘောက်များဖြင့် ဆူညံစွာဖွင့်ပြီး ရဲအုပ်စုမှာ မူးရူးပျော်ပါးကာ မွေးနေ့ကိတ် ခွဲမည့်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲွခြင်းဟု CDSOM က အသိ​ပေးသည်။

(မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ဝင်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲစခန်းတွင် သင်္ကြန်အကြတ်နေ့ညနေပိုင်းက ဒုစခန်းမှူး၏ မွေးနေ့ပွဲကျင်းပနေစဥ် အီနာဂါ(ရိုင်ဖယ်ပစ်ဗုံး)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ထုတ်ပြန်သည်။

ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့ ညနေပိုင်းက မြောင်မြို့နယ်ရဲစခန်းမှ ဒုစခန်းမှူး စည်သူလွင်၏ မွေးနေ့အား ဆောင်းဘောက်များဖြင့် ဆူညံစွာဖွင့်ပြီး ရဲအုပ်စုမှာ မူးရူးပျော်ပါးကာ မွေးနေ့ကိတ် ခွဲမည့်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲွခြင်းဟု CDSOM က အသိ​ပေးသည်။

အဆိုပါ တိုက်ခိုကိမှုကို မြောင်မြို့နယ် (ပကဖ)အဖွဲ့ဝင် ကိုနွေဦး(အင်အားစုဖွဲ့ရေးနှင့် လေ့ကျင်ရေးတာဝန်ခံ) ဦးဆောင်သည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊(၂)၊ တပ်ခွဲ (၃)တပ်ရင်းမှူး ကိုတိုက်ဂါး-MUA ပြည်သူ့တပ်မတော်(မြောင်) ၊ PDF-TALOKE (မြင်းခြံခရိုင်တပ်ရင်း-၂) တပ်ရင်းမှူး ဆရာသကြား ၊ ဒေါင်းစစ်သည်အဖွဲ့၊ မြင်းမူမြိုပြတော်လှန်ရေးအဖွဲ – CRF (Myinmu) နှင့် M2W တပ်ရင်းမှူး မင်းယက္ခ၊ Black Eagle Defence Force -MMUတို့နှင့် ပူးပေါင်းပြီး မြို့ပြပြောက်ကျား စစ်ဆင်ရေးတစ်ရပ်ကို ညနေ ၅နာရီ ၂၀ မိနစ်အချိန်တွင် ဆင်နွှဲခဲ့ကြောင်း CDSOM က ထုတ်ပြန် သည်။

Public Service Announcement

“ဖြစ်စဉ်မှာ ရဲအုပ်စုအတွင်း အီနာဂါ(ရိုင်ဖယ်ပစ်ဗုံး)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆူညံစားသောက်နေသော ရဲအုပ်စုမှာ အပျော်များချက်ချင်းပျောက်ပြီး ငရဲပြည်ရောက်တော့မည်ကဲ့သို့ လဲကျသူကျ၊ ကုန်းထသူထနှင့် အော်ဟစ်ပြေးလွှား ဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ “ဟု CDSOM ၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

Public Service Announcement

Public Service Announcement

“မြောင်ရဲစခန်း ပါ။ စစ်ခွေးတပ်စွဲထားတဲ့ မြောင်မြို့ပေါ်က ရဲစခန်းပါ။ အီနာဂါနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက အသေပျောက်မပြောနိုင်သေးဘူး‌ဗျာ။ ရဲစခန်းဝင်းထဲမှာတော့ မိချောရေ မိချော ဆိုပြီး သီချင်းဖွင့်နေချိန် ခွေးစာကျွေးတာနဲ့ကွက်တိဖြစ်တယ်။ စခန်းတွင်းလည်း မတည်မငြိမ် အုံကြွကုန်တယ်။ ဆေးရုံပို့တာမရှိဘူး။ ဆေးရုံကားတွေမထွက်ဘဲ ကြိတ်လုပ်နေတာ။ အသေ အပျောက်တော့မသိရသေးဘူးဗျ ။ ထိတာတော့ထိချက်ပြင်းတယ်”ဟု CDSOM တာဝန်ရှိသူက ပြောသည်။

ရဲအုပ်စု အသေအပျောက်နှင့် ဒဏ်ရာရစာရင်းမှာ ၎င်းတို့ဘက်မှဒဏ်ရာရသူများအား ဆေးရုံပို့ခြင်းပင်မရှိဘဲ သတင်းအမှောင်ချထားသောကြောင့် မသိရှိရသေးကြောင်း CDSOM က ပြောသည်။

စစ်ဆင်ရေးအပြီး ညီနောင်များ ပြန်အလာ လမ်းတစ်ဝက်အရောက်တွင် ရမ်းသမ်းပစ်ခတ်နေသော အသံများကြားရပြီး မြို့အထွက်​နေရာများတွင် ပစ်ခတ်ရှာဖွေနေကြောင်း၊ ညီနောင်များလည်း အထိအခိုက်မရှိဘဲ ဌာနေသို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း၊ စစ်ဆင်ရေးမစတင်မီ မိနစ် ၂၀အလိုတွင် စစ်အုပ်စုနှင့် နီးကပ်စွာမနေကြရန် ပြ​ည်သူများထံသို့ ကြိုတင်သတင်းပေးပြီး ဆောင်ရွက်ခဲ့ကြောင်း CDSOM က အသိပေးသည်။

ယမန်နေ့ဖြစ်စဥ်ကြောင့် ယနေ့ သင်္ကြန်အတက်နေ့တွင် ရဲအုပ်စုမှာ သင်္ကြန်မဏ္ဍပ်တွင် သောက်စားပျော်ပါးခြင်းများ မပြုလုပ်နိုင်​ကြတော့သည့်အပြင် စခန်းအတွင်းမှ စခန်းအပြင်သို့ မထွက်ကြတော့ဘဲ တိတ်ဆိတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook