Connect with us

Hi, what are you looking for?

News

အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေသည့် BPLA တပ်ကို တက်နိုင်သရွေ့ ပံ့ပိုးဝန်းရံသွားမည်ဟု MNDAA/TNLAနှင့် AAတို့ သဝဏ်လွှာပို့

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများနှင့် တူညီသော ဘုံရည်မှန်းချက်ရှိသည့် ဗမာလူမျိုး ကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြရာ ၂၀၂၁ ဧပြီ ၁၇ရက်က ဖွဲ့စည်းခဲ့သည့် BPLA သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်ဟု ဖော်ပြထားသည်။

ဗမာပြည်လွတ်မြောက်ရေးတပ်မတော်(BPLA) ၏ တစ်နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ ကိုးကန့်တပ်ဖွဲ(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့က ပူးတွဲ၍ သဝဏ်လွှာပေးပို့ခဲ့ရာ BPLA ၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် တက်နိုင်သရွေ့ ပံ့ပိုးဝန်းရံသွားမည်ဟု ဖော်ပြခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများနှင့် တူညီသော ဘုံရည်မှန်းချက်ရှိသည့် ဗမာလူမျိုး ကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြရာ ၂၀၂၁ ဧပြီ ၁၇ရက်က ဖွဲ့စည်းခဲ့သည့် BPLA သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ဗမာလူထုအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအချို့၏ ယုံကြည်မှုကို ရရှိထားပြီး အချိန်တိုအတွင်း စနစ်တကျ တိုက်ပွဲဝင်နိုင်သည့် အရည်အချင်း ၊ စစ်စည်းကမ်း ကောင်းမွန်သည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု ဖြစ်လာစေရန် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရ၍ BPLA ခေါင်းဆောင်များနှင့်တပ်ဖွဲ့ဝင်များ၏ ကြိုးစားအားထုတ်မှုတို့ကို တန်ဖိုးထားအသိအမှတ်ပြုကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ သဝဏ်လွှာတွင် ပါရှိသည်။

မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ် မျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ပြီး ဗမာလူမျိုးအပါအဝင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ရပ်တည်ကာ တည်ငြိမ်သော မူဝါဒများကို ရေးဆွဲချမှတ်နိုင်ရန် မျှော်လင့်ကြောင်းနှင့် တိုင်းပြည် အတွက် ပြည်သူအတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်း ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်သည်ဟု MNDAA၊TNLAနှင့် AA တို့က BPLA ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

Facebook