Connect with us

Hi, what are you looking for?

News

အဂတိမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၂၆ ရက်မှာ အမိန့်ချမယ်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

ရွှေချောင်းနဲ့ဒေါ်လာတွေယူတယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့ တရားစွဲထားတဲ့အမှု လာမယ့်ဧပြီလ ၂၆ ရက်မှာအပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံ ကသိရပါတယ်။

ဒီအမှုဟာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုကို ဒီနေ့မှာ နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒီလို ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြသလို နေပြည်တော်က တရားခွင်မှာ လည်း ဦးဖြိုးမင်းသိန်းက အဲဒီ ရုပ်သံဖိုင်ထဲက အတိုင်းထွက်ဆိုထားခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်ဟာလည်း သူရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေတွေပြင်ဆင်ပေးခဲ့ရတယ်လို့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုထားတာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်း တရားခွင်မှာ ထွက်ဆိုချိန်ကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့တာရှိပါတယ်။

ဒီအမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅နှစ်ထိချလို့ရတဲ့ပုဒ်မနဲ့ တရားစွဲထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကျွန်းလှနဲ့ ခင်ဦးမှာလည်း မွေ့နေ့အမှတ်တရ သစ်ပင်တွေ စိုက်ပျိုး

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။