Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ ဥရောပက ကလေးငယ် တချို့မှာ အမျိုးအမည်မသိ အသည်းရောဂါတစ်မျိုး ဖြစ်ပွားနေ

အမေရိကန် ကျန်းမာရေး ပညာရှင်တွေကလည်း ပြည်တွင်းမှာ ပုံစံတူ ဖြစ်စဉ် ၉ ခုကို ဖော်ထုတ် သိရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အားလုံးကို အလာဘားမား ပြည်နယ်မှာ တွေ့ရှိထားပေမယ့် တခြားပြည်နယ်တွေမှာပါ ဒီပြဿနာမျိုး ရှိနိုင်တယ်လို့ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့မှာ ကလေးတွေရဲ့ အသည်းကို ထိခိုက်စေတဲ့ အမည်မသိ ပြင်းထန် ရောဂါတစ်မျိုးကို တွေ့ရှိနေကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

ဗြိတိန် တစ်နိုင်ငံတည်းမှာတင် ကလေးတွေမှာ အသည်းရောင်ရမ်းတဲ့ ဖြစ်စဉ် ၇၄ ခုထက်မနည်း အတည်ပြု တွေ့ရှိထားကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။ အဲဒီ အလားတူ ဖြစ်ရပ်တွေကို စပိန်နဲ့ အိုင်ယာလန် နိုင်ငံတွေမှာလည်း အတည်ပြု တွေ့ရှိထားပါတယ်။

အမေရိကန် ကျန်းမာရေး ပညာရှင်တွေကလည်း ပြည်တွင်းမှာ ပုံစံတူ ဖြစ်စဉ် ၉ ခုကို ဖော်ထုတ် သိရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အားလုံးကို အလာဘားမား ပြည်နယ်မှာ တွေ့ရှိထားပေမယ့် တခြားပြည်နယ်တွေမှာပါ ဒီပြဿနာမျိုး ရှိနိုင်တယ်လို့ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။

အမျိုးအမည် ခွဲခြားလို့ မရသေးတဲ့ အသည်းရောဂါသစ်ဟာ အမေရိကန်က အသက် ၁ နှစ်နဲ့ ၆ နှစ်ကြား ကလေးတွေမှာ ဖြစ်ပွားနေတာပါ။ အဲဒီထဲက ကလေး ၂ ဦးဟာ အခြေအနေ အတော်ဆိုးပြီး အသည်း အစားထိုး ကုသဖို့ထိ လိုအပ်လာပါတယ်။ ဥရောပမှာလည်း အလားတူ အသက် အပိုင်းအခြားမှာပဲ ရောဂါ ဖြစ်နေကြပြီး ဒီထက် အသက်ကြီးတဲ့ ကလေးတချို့လည်း ရောဂါဒဏ် ခံခဲ့ရတယ်လို့ WHOက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စကော့တလန်မှာ ကလေး ၁၀ ယောက်လောက်က မူမှန်မဟုတ်တဲ့ အသည်းပြဿနာတွေ ကြုံလာတဲ့နောက် အခုလ အစောပိုင်းမှာ ဒီပြဿနာကို WHOက စတင် ခြေရာခံမိခဲ့ပါတယ်။ အားလုံးက ပြင်းပြင်းထန်ထန် ဖျားနာပြီး အသည်းရောင်တဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်။ ရောဂါ လက္ခဏာတွေ အနေနဲ့ အသားဝါလာတာ၊ ဝမ်းပျက်တာ၊ ဗိုက်နာတာတွေ ခံစားခဲ့ရပါတယ်။ အသည်းရောင်တာဟာ မှန်ကန်တဲ့ ကုသမှု မခံယူရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

စကော့တလန်အပြင် ဗြိတိန်က တခြားဒေသတွေမှာပါ နောက်ထပ် အလားတူ ဝေဒနာ ခံစားရတဲ့ ကလေး ၆၄ ဦးထက်မနည်းကို ထပ်တွေ့လာပြီး အသေအပျောက်တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၆ ဦးက အသည်းအစားထိုး ခွဲစိတ်ဖို့ လိုအပ်တဲ့ထိ ရောဂါ ပြင်းထန်ခဲ့ကြောင်း WHOက ဆိုပါတယ်။

ဓာတ်ခွဲ စစ်ဆေးမှု ရလဒ်တွေအရ အသည်းရောင်ရောဂါ ဖြစ်စေတဲ့ Aပိုး၊ Bပိုး၊ Cပိုးနဲ့ Eပိုးတွေဟာ အခု ဖျားနာမှု အသစ်တွေနဲ့ မသက်ဆိုင်ကြောင်း အဖြေထုတ် တွေ့ရှိထားပါတယ်။ ပဟေဠိဆန်တဲ့ အသည်းရောဂါနဲ့ ပတ်သက်လို့ သုတေသနပြု လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး နိုင်ငံတကာ ခရီးသွားလာမှုတွေနဲ့ အခုရောဂါကြား တိုက်ရိုက် ဆက်စပ်တဲ့ အထောက်အထားတော့ မတွေ့သေးဘူးလို့လည်း WHOက မှတ်ချက် ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။