Connect with us

Hi, what are you looking for?

ဗီဒီယို

စက်သုံးဆီ အကန့်မရှိပြန်ရောင်းပေးနေတဲ့အကြောင်း ဆိုင်အချို့ အပြိုင်ဆိုင်စာထုတ်

ကနေ့ ဧပြီ ၁၉ ရက်ညနေပိုင်းမှာ Denko , BOC နဲ့ရွှေဗျိုင်းဖြူ ဆီဆိုင်တွေက သူတို့ဆီဆိုင်တွေမှာစက်သုံးဆီ အကန့်အသတ်မရှိပြန်လည်ရောင်းချနေတဲ့အကြောင်း တစ်ပြိုက်နက်တည်း ထုတ်ပြန်လာကြတာဖြစ်ပါတယ်။

စက်သုံးစီကို ဒီမနက်က ဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းဝယ်ယူကြရပြီးတဲ့နောက် စက်သုံးစီအကန့်သတ်မရှိဝယ်နိုင်တဲ့အကြောင်း စက်သုံးဆီဆိုင်အချို့က လူမှုကွန်ယက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

ဒီကနေ့ ဧပြီ ၁၉ ရက်ညနေပိုင်းမှာ Denko , BOC နဲ့ရွှေဗျိုင်းဖြူ ဆီဆိုင်တွေက သူတို့ဆီဆိုင်တွေမှာစက်သုံးဆီ အကန့်အသတ်မရှိပြန်လည်ရောင်းချနေတဲ့အကြောင်း တစ်ပြိုက်နက်တည်း ထုတ်ပြန်လာကြတာဖြစ်ပါတယ်။

ညနေ ၄နာရီအထိ ဆီဆိုင်တွေမှာ ခွဲတမ်းနဲ့ပဲ တစ်ဦးကို ကျပ် ၂၀၀၀၀ ဖိုးသာရောင်းချခဲ့တာဖြစ်ပြီး ဆီဆိုင်အများစုကလည်း ပိတ်ထားခဲ့တာပါ။

မန္တလေးနဲ့ အခြားမြို့တွေမှာလည်း စက်သုံးဆီလုယက်ဝယ်ယူနေတာကြောင့် ဆိုင်အများစုက ပိတ်ထားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်အချို့အခုလိုထုတ်ပြန်နေပေမယ့်လည်း ပိတ်ထားတဲ့ဆိုင်တွေကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။