Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ် ပုတီးရွာကို ကပစ (၂၂)တပ် မီးရှို့ဖျက်ဆီး၍ အိမ်ခြေ ၆၀ကျော်မီးလောင်ဟု ဒေသခံပြော

ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ယခု ဧပြီ ၇ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၁၅ရွာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ပေါက်နှင့် ဆက်စပ်နေသည့်ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်များမှ ကျေးရွာအချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ပုတီး​ကျေးရွာ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံ​နေရစဥ်၊ ဓာတ်ပုံ - ​ပေးပို့

မကွေးတိုင်း ပေါက်မြို့နယ် ပုတီး​ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ-၂၂)မှ တပ်သားများက တမင်လာရောက်၍ မီးရှို့ခဲ့ကြောင်း ဒေသခံက ပြော သည်။

ကပစ (၂၂)မှ စစ်ကောင်စီတပ်သား ၁၃ဦးသည် ဧပြီ ၁၉ရက် ညနေ ၅နာရီခွဲတွင် ဆိုင်ကယ်များဖြင့် လာရောက်၍ မီးရှို့သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပုတီး​ကျေးရွာ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံ​နေရစဥ်၊ ဓာတ်ပုံ – ​ပေးပို့

“ကပစ (၂၂)ကနေ ထွက်လာပြီး တပ်သားတွေက ရှို့တာ။ ဆိုင်ကယ် ၆စီး၊ စစ်သားက ၁၃ယောက် ပေါ့။ အဲဒီမှာ ဝင်လာပြီး သေနတ်တွေဖောက်ပြီး မီးရှို့တာ။ စစ်ကြောင်းထိုးရင်းနဲ့ မဟုတ်ဘူး။ ကပစကနေ ထွက်ပြီး သပ်သပ်ကိုလာရှို့တာ။ အိမ်ခြေကတော့ ၆၀ကျော်လို့ ကြားထားတယ်။ သေချာတော့ မရေရသေးဘူးပေါ့ဗျာ” ဟု ဒေသခံက ပြောသည်။

ပုတီး​ကျေးရွာ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံ​နေရစဥ်၊ ဓာတ်ပုံ – ​ပေးပို့

ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ယခု ဧပြီ ၇ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၁၅ရွာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ပေါက်နှင့် ဆက်စပ်နေသည့်ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်များမှ ကျေးရွာအချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ကျေးရွာများကိုသာမက ဒေသခံများ တိမ်းရှောင်ရာ တောထဲရှိ တဲများကိုပါ မီးရှို့ဖျက်ဆီးခဲ့၍ စစ်ရှောင်ပြည်သူများ အခက်အခဲများစွာကြုံနေရသည်ဟု ဆိုသည်။

ပုတီး​ကျေးရွာ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံ​နေရစဥ်၊ ဓာတ်ပုံ – ​ပေးပို့

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရန်ကြောင့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာများစွာရှိ၍ လူဦးရေ အရေအတွက်ကိုပင် မခန့်မှန်းနိုင်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။